Thursday, November 29, 2012

ထွန်းအိန္ဒြာဗို ရဲ့ တစ်ကိုယ်တော် Charity Live Show


ထွန်းအိန္ဒြာဗိုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်တဲ့ Charity Live Show ကို နိုဝင်ဘာလ (၂၈) ရက်နေ့၊ ညနေ (၆)နာရီခွဲတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ
့ပါသည်။ ရှိုးပွဲအစတွင် ဒါရိုက်တာ ကိုလူမင်း ရိုက်ကူးပေးထားသော ဇာတ်လမ်းဖြင့် စတင်ခဲ့ပြီး သီချင်းစုစုပေါင်း လေးဆယ့်နှစ်ပုဒ် သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဧည့်သည်အဆိုတော်များအဖြစ် ဇော်ဝင်းထွဋ်၊ ဂရေဟမ်၊ အဲလက်စ်၊ စိုင်းစိုင်းခမ်းလှိုင်၊ အနဂ္ဂ၊ ဘရိတ်ကီ၊ ဥာဏ်လင်းအောင်၊ အားတီ၊ စတဲ့ အနုပညာရှင်များ အားဖြည့် ကူညီ သီဆိုပေး ထားသည့် အပြင် အဝေးကို ရောက်နေတဲ့ Rဇာနည် နဲ့စုံတွဲသီချင်း သီဆိုမှုကိုတော့ LED မှတစ်ဆင့် ပရိသတ်များ အတွက် ဖျော်ဖြေ တင်ဆက် ပေးခဲ့ပါတယ်။ အဆိုပါ Charity Live Show မှ ရရှိသော အလှူငွေများကို ပြည်သူ့ဆေးရုံကြီး၊ ကလေးဆေးရုံကြီး ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးကွန်ယက်၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာ၊ ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည် များ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ စတဲ့ နေရာ (၇) နေရာသို့ ခွဲဝေ လှူဒါန်းခဲ့ပါတယ်။ အကအလှများ၊ စုံတွဲသီဆိုမှုများ ကို ပရိသတ်များနှင့် အပေးအယူမျှစွာ ဖျော်ဖြေခဲ့ပြီး ည ၁၂ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးသွားပါတယ်။

ခိုင်ဝေလွင်၊ KWH ( IT )
ဓါတ်ပုံ - အိသွဲ့(တန့်ယန်း)
Popular

No comments:

Post a Comment