Thursday, November 22, 2012
Facebook က အလုပ်အကိုင် ရှာပေးမယ်
နှစ်အနည်းငယ်အတွင်း သုံးစွဲသူ တဟုန်ထိုး များလာနေတဲ့ Facebook က  အလုပ်အကိုင် ရှာဖွေရေးအတွက်ပါ သီးသန့် ဝန်ဆောင်မှု ပေးတော့မယ် ဆိုပါတယ်။
Facebook ရဲ့ လုပ်ရပ် ဟာ အလုပ်အကိုင် ရှာဖွေရေး ကွန်ရက်မှာ နာမည်ကြီးတဲ့ လင့်ခ်ဒင်  ( LinkedIn )  ကို ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။
လင့်ခ်ဒင်မှာ လတ်တလော အသင်းဝင်  ၁၈၇ သန်း ရှိနေပြီး အလုပ်အကိုင် ရှာဖွေရေး ကွန်ရက်မှာ ဘုရင်တပါး ဖြစ်နေခဲ့တာကြာပါပြီ။
Facebook က ၀န်ဆောင်မှုသစ်အကြောင်း လွန်ခဲ့တဲ့အပတ်က စတင်ကြေညာခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ အလုပ်အကိုင်ပေါင်း တသန်းကျော်မျှကို စာရင်းပြုစု လက်ခံရရှိထားကြောင်း သိရပါတယ်။  Facebook ရဲ့ လုပ်ဆောင်ပုံဟာ ထူးခြားနေပါတယ်။
Facebook စတင်တည်ထောင်ကတည်းက လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ ကွန်ရက်ချိတ်ဆက်မှုအတွက်သာ ကြိုးပမ်းခဲ့တာပါ။ 
Facebook  သုံးသူ များပြားတာကြောင့် ယခု အလုပ်အကိုင် ရှာဖွေရေး အတွက် ၀န်ဆောင်မှုကွန်ရက်လည်း လူသုံးများလာဖွယ်ရှိပါတယ်။
အလုပ်အကိုင် ရှာဖွေရေး ဘုရင်တဆူဖြစ်တဲ့ လင့်ခ်ဒင် ( LinkedIn )   ရဲ့ စတော့ရှယ်ယာဟာ တပတ်အတွင်း အနည်းငယ် ကျသွားခဲ့တာကိုတွေ့ ရပါတယ်။
နည်းပညာ ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူတွေကတော့ Facebook ရဲ့ ၀န်ဆောင်မှုသစ်ဟာ ရုတ်ချည်းအောင်မြင်ဖို့ ခက်ပေမယ့်  သုံးစွဲသူဦးရေ သန်း ၈၀၀ ကျော် ရှိပြီးသားဖြစ်တာကြောင့်   တချိန်ချိန်မှာ လင့်ခ်ဒင်ကို ကျော်ဖြတ်ပြီး ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေးနိုင်တယ်လို့ ဆိုနေကြပြန်ပါတယ်။
Facebook ရဲ့ ၀န်ဆောင်မှုအသစ်ကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
မြန်မာ ပြည်က သုံးစွဲသူတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ လင့်ခ်ဒင် ၀က်ဆိုဒ် ကိုတော့ ဒီလင့်အတိုင်း ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။
irrawaddy blog
No comments:
Post a Comment