Thursday, November 29, 2012

ISAF တပ်ဖွဲ့၏ အခြေစိုက်စခန်း ၂၅၀ အာဖဂန်တပ်ဖွဲ့သို့ လွှဲပြောင်း


အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အကူအညီပေးရေးတပ်ဖွဲ့ (ISAF) ၏ အခြေစိုက်စခန်း ၄ဝဝ ရှိသည့်အနက် စခန်း ၂၅ဝ နီးပါးကို အာဖဂန် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (ANSF) သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ISAF အဖွဲ့မှ ဗိုလ်မှူးချုပ် ဂန်တာကတ်ဇ်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သော ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ် နှောင်းပိုင်းတွင် ISAF ၏ အခြေစိုက်စခန်း အားလုံးကို ANSF သို့အပြီးအပိုင် လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း အာဖဂန် အာဏာပိုင်များက ပြောကြားခဲ့သည်။ ISAF တပ်ဖွဲ့သည် ၄င်းတို့၏ စစ်ဆင်ရေးအစီအစဉ်များကို ၂ဝ၁၄ ခုနှစ်တွင် အဆုံးသတ်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့်အား ဆက်လက်ထားရှိရန် စီစဉ်ထားသည်။ ANSF တပ်ဖွဲ့များသို့ အခြေစိုက်စခန်းများ လွှဲပြောင်းပေးအပ်ရာတွင် လက်နက်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိကြောင်း ဗိုလ်မှူးချုပ် ကတ်ဇ်က ပြောကြားခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment