Tuesday, November 13, 2012

MTV EMA 2012 ဆုပေးပွဲ၊ Taylor နဲ့ Psy

Taylor Swift ၊ ဓာတ်ပုံများ - The Sun

ကမ္ဘာတ၀န်း ဂီတအနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေ ရင်ခုန်ရတဲ့ နှစ်စဉ် ကျင်းပမြဲ MTV EMA 2012 ဆုပေးပွဲကြီးကို နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာ ကျင်းပရာမှာ နာမည်ကြီး အမျိုးသမီးအဆိုတော် Taylor Swift က Best Female, Best Live နဲ့ Best Look ဆိုတဲ့ ဆု ၃ ဆုကို ဆွတ်ခူးရရှိသွားပါတယ်။ 

ဆုပေးပွဲမှာလည်း သူ့ရဲ့ နောက်ဆုံး တကိုယ်တော် တေးသီချင်း ဖြစ်တဲ့ We Are Never Ever Getting Back Together ကို တုတ်ကွေးဖြစ်ထားလို့ လည်ချောင်းနာနေတဲ့ကြားက Taylor က သီဆိုဖျော်ဖြေခဲ့ပါ တယ်။ ဒီအပြင် ဂျပ်စတင်ဘီဘာကလည်း ဆုတွေ ရခဲ့ပါတယ်။ 

ကနေဒါ အဆိုတော် Carly Rae Jepsen ကလည်း Call Me Maybe သီချင်းအတွက် အကောင်းဆုံး သီချင်းဆုနဲ့ Best Push ဆု ကို ရရှိခဲ့ပါတယ်။ 
MTV EMA 2012 Frankfurt ဆုပေးပွဲကြီးမှာ အချိန်တိုအတွင်း ကမ္ဘာကျော်ဖြစ်လာခဲ့တဲ့ တောင်ကိုရီယား အဆိုတော် PSY ကတော့ ပရိတ်သတ်ကို ဆွဲဆောင်မှု အများဆုံးဖြစ်ခဲ့တာပါ။ 
တော်ကိုရီယား အဆိုတော်၊ အကပညာရှင် PSY
Psy ရဲ့ Gangnam Style အတွက် Best Video ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ သူ့ရဲ့ဖျော်ဖြေမှု ကတော့ ပရိတ်သတ် အကြိုက်အတော်တွေ့ခဲ့ပါတယ်။
irrawaddy blog

No comments:

Post a Comment