Monday, November 12, 2012

ငလျင်ဒဏ်ခံရသူများအတွက် NLD သိန်းတရာလှူ


မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ခံရတဲ့ ပြည်သူများအတွက် ယနေ့   နိုဝင်ဘာ လ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်နဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့မှ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ငလျင်ဒဏ်ခံ ပြည်သူများအတွက် ငွေကျပ် သိန်း(၁၀၀)ကို လှူဒါန်းမည် ဖြစ်ကြောင်းသိရှိရပါတယ်။ 

လှူဒါန်းငွေများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ ကိုယ်စားလှယ်များမှ တဆင့် ငလျင်ဒဏ်ခံ   
ပြည်သူများအား လှူဒါန်းသွားမှာဖြစ်ပါတယ်။

နီးစပ်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များမှ အဖွဲ့ချုပ် ကိုယ်စား လှယ်များနှင့်အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ တတ်အားသမျှ ငွေအား၊ လူအားဖြင့် ငလျင်ဒဏ်ခံ မြို့နယ်များသို့ လိုအပ်သော အစားအသောက်၊  
ဆေးဝါးများ ထောက်ပံ့ လှူဒါန်း ကြရန်လည်း တိုက်တွန်း နှိုးဆော် ထားကြောင်းသိရှိရပါတယ်။ 
irrawaddy blog

No comments:

Post a Comment