Saturday, November 24, 2012

QPRမန်နေဂျာ ဖြစ်လာရန် နီးစပ်နေပြီဟု ရက်နပ်ဝန်ခံ

QPR မန်နေဂျာ ဖြစ်ရန် နီးစပ်နေသည့် ရက်နပ်

QPR အသင်း မန်နေဂျာ ရာထူးကို လက်ခံ ရယူရန် နီးစပ်နေပြီဟု ဟယ်ရီ ရက်နပ်က ဖွင့်ဟ ပြောကြားခဲ့သည်။
QPR အသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားတွင် တောက်လျှောက် ရုန်းကန်နေရသည့်နောက် အသင်းပိုင်ရှင် တိုနီဖာနန်ဒက်ဇ်သည် မန်နေဂျာ မာ့ခ်ဟုဂ်ျကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ ဟုဂ်ျကို ဖယ်ရှားပြီးနောက် QPRတွင် လတ်တလော မန်နေဂျာ လက်မဲ့ ဖြစ်နေသော်လည်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာဟောင်း ရက်နပ်ကို ချိတ်ဆက် ကမ်းလှမ်းထားသည်။ ယခုအခါ ရက်နပ် ကိုယ်တိုင်ကလည်း ရည်မှန်းချက် ကြီးမားစွာ တည်ဆောက်နေသော အသင်းကို ကိုင်တွယ်လိုကြောင်း ဝန်ခံလာခြင်း ဖြစ်သည်။
QPRနှင့် ပတ်သက်သော အလားအလာကို BBCက မေးမြန်းခဲ့ရာ "ကျွန်တော် ရာထူးလက်ခံဖို့ အသင့်ပါပဲ။ ဒီညလောက်မှာတင် ကိစ္စအားလုံး ပြီးပြတ်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဘာပြဿနာမှ မရှိလောက်ပါဘူး"ဟု ဖြေဆိုခဲ့သည်။ QPRအသင်း အမှုဆောင်ချုပ် ဖိလစ် ဘာ့ဒ်ကမူ လတ်တလောတွင် မည်သည့် အတည်ပြုချက်မျှ မပေးလိုသေးကြောင်း ဆိုသည်။ "စကားတွေက လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အလေးအနက် ကြိုးစားနေပါတယ်။ အောင်မြင်နိုင်တဲ့သူ တစ်ယောက်ကို ကျွန်တော်တို့ ရှာဖွေနေတာပါ"ဟု ဘာ့ဒ်က ပြောကြားသွားသည်။
soccer myanmar

No comments:

Post a Comment