Sunday, November 4, 2012

Windows 8 အသုံးပြုနိုင်သော MSI 520 tablet နှင့် Gaming Laptop များကို စတင်မိတ်ဆက်


MSIအမှတ်တံဆိပ်ကွန်ပျူတာများကို မြန်မာပြည်တရားဝင်ကိုယ်စားလှယ်အဖြစ်တင်သွင်း ဖြန့်ချိလျက်ရှိသော Royal Smart Co.,Ltd မှ Windows 8 Edition Gaming Laptop များကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် PARKFOYAL Hotel ၌စတင် မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရ သည်။ ယခုတင်သွင်းထားသော Gaming Laptop များမှာ GE 70 နှင့် GE 60 model များဖြစ်ပြီး ပုံမှန် Gaming Laptop များထက် ၂ ပေါင်ခန့်ပိုမို ပေါ့ပါးမှုရှိကြောင်း တွေ့ရသည်။ ထို့အပြင် ဂိမ်းကစား သူများအတွက် အချိန်နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ အွန်လိုင်း ဂိမ်း များကို မြန်ဆန်စွာ boot လုပ် နိုင်ပြီးgraphic မြင့်သည့် ဂိမ်း များကို ကောင်းမွန်စွာဆော့နိုင်မည် ဖြစ်သည်။

ထူးခြားချက်မှာ ဂိမ်း ဆော့ရာတွင် အထူးအရေးပါသည့် အသံစနစ်ကို အရည်အသွေး မြင့်မားစွာ ရရှိနိုင်ရန်အတွက် Gold Flash Audio Jack ကို အသုံးပြုထားသောကြောင့် ရန်သူ့ခြေသံ၊ သေနတ်ကျည်ဖြည့်သံ စသော သေးငယ်သည့် အသံမှ အစ ကြားသိနိုင်မည်ဖြစ်သည်။ ထို့အပြင် ညင်သာစွာထိတွေ့ ရုံဖြင့် ကောင်းမွန်စွာ အလုပ်လုပ် သော Best FPS Gaming Keyboard ကို အသုံးပြုထားပြီး ဂိမ်း ကစားသူများ မှားနှိပ်နိုင်သော Window Key ကို ညာဘက်ရွေ့ ထားကာ Ctrl Key ကို သာမန် ထက်ကြီး၍ design ပြုလုပ်ထား သည်။ Intel Core i7 2.3 GB, Quard core Mobile Processor သုံး MSE Gaming Laptop များကို GE 70 အား US $ 1190 ဖြင့်လည်းကောင်း GE 60 အား US $ 1150 ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
MMT
Mobile Guide

No comments:

Post a Comment