Tuesday, December 4, 2012

ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပထမဆုံး ဆန္ဒပြသော တရုတ် အလုပ်သမားများကို စင်ကာပူ နှင်ထုတ်


စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြ မူပြုလုပ်ခဲ့သောတရုတ်နိုင်ငံသား
ခရီးသည်ယာဉ် မောင်း သမား ၂၉
ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်းBBCသတင်းတွင်ဖော်ပြထားသည်။

အစိုးရပိုင် SMRT ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်း၏ လုပ်ခလစာနှင့် နေထိုင်မှု အခြေအနေများကို မကျေနပ် သဖြင့် တရုတ်နိုင်ငံသား ခရီးသည်တင်ယာဉ်မောင်း ၁၇၁ ဦးပြီးခဲ့သည့် ရက်များအတွင်း ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သည်။


ယင်းကဲ့သို့ ဆန္ဒပြမှုသည် ၁၉၈၆ ခုနစ် နောက်ပိုင်း အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှု ဖြစ်ကြောင်း သတင်း တွင် ဖော်ပြထား သည်။

အဆိုပါဆန္ဒပြမှုကြောင့်ကျွမ်းကျင်မှုအနည်းငယ်သာလိုအပ်သောအလုပ်များကိုလုပ်ကိုင်နေသော နိုင်ငံသား

 ခြား အလုပ်သမားများ အပေါ် ထားရှိသည့် စင်္ကာပူ အစိုးရ မူဝါဒများကို ပြန်လည် သုံးသပ်လျက်ရှိသည်။

ထို့ အပြင် တရုတ်နိုင်ငံသား အလုပ်သမား ငါးဦးကို တရားမဝင် ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်မှု၊ ပါဝင်ဆင်နွဲမှုတို့  ကြောင့် စင်္ကာပူ အစိုးရ အဖွဲ့ က တရားစွဲဆို ထားသည်။


ဖမ်းဆီး ထိန်းသိမ်း ခံထားရသော တရုတ်နိုင်ငံသားများ အရေးနှင့် ပတ်သတ်ပြီး စိုးရိမ်မှု ရှိကြောင်း တရုတ်နိုင်ငံက ထုတ်ဖော် ပြောကြားသွားသည်။


စင်္ကာပူနိုင်ငံ၏ အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသည့် အလုပ်သမားများ အနေဖြင့် တရားဝင် ဆန္ဒပြလိုပါက အာဏာပိုင်များကို ၁၄ ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။


The Voice Weekly

No comments:

Post a Comment