Tuesday, December 25, 2012

ကုလရဟတ်ယာဉ်ကို တောင်ဆူဒန်တပ်ဖွဲ့ ပစ်ချ


တောင်ဆူဒန်နိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်းကို အစိုးရတပ်က ပစ်ချခဲ့ရာ ရုရှားနိုင်ငံသားများဟု ယုံကြည်ရသော ရဟတ်ယာဉ် အမှုထမ်းလေးဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြား ခဲ့သည်။ ယင်းရဟတ်ယာဉ်သည် နိုင်ငံအရှေ့ပိုင်းလောင်းလိုင်း ပြည်နယ်တွင် ကင်းထောက်တာဝန်ဖြင့် ပျံသန်းနေစဉ် ပစ်ချခြင်းခံခဲ့ရသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ အမှတ်အသားတံဆိပ် ရှင်းလင်းစွာ ပါရှိသော ရဟတ်ယာဉ်ကို ဤသို့ ပစ်ချခြင်းအား ပြင်းထန်စွာ ရှုတ်ချသည်။ သို့သော် တောင်ဆူဒန် ပြန်ကြာရေးဝန်ကြီးက ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်း ဘီဘီစီသို့ ပြောကြားခဲ့သည်။ တောင်ဆူဒန်စစ်ဘက်က ၄င်းတို့သည် ကုလသမဂ္ဂ ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း ဝန်ခံသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါ ရဟတ်ယာဉ်သည် ရုရှားနိုင်ငံလုပ် အမ်အိုင်-၈ အမျိုးအစားဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုသည်ဟု ဆိုသည်။ သေဆုံး သွားကြသော ရဟတ်ယာဉ် အမှုထမ်းလေးဦးသည် ရုရှားနိုင်ငံသားများ ဖြစ်ကြသည်ဟု တောင်ဆူဒန်မှ ရုရား သံတမန်များက ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment