Monday, December 3, 2012
အာဖဂန်ရှိ အမေရိကန်လေတပ်စစ်အခြေစိုက်စခန်း တာလီဘန်များ ပစ်မှတ်ထားတိုက်ခိုက်
အာဖဂနစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ အမေရိကန်-အာဖဂန် ပူးတွဲစစ်အခြေစိုက် စခန်းတစ်ခုကို တာလီဘန် အသေခံဗုံးခွဲ တိုက်ခိုက်သူများက တိုက်ခိုက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်က အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဂျာလာလာဘတ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားခဲ့ကြောင်း နေတိုးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲတိုက်ခိုက်သူ ခုနစ်ဦး ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတို့အားလုံး သေဆုံးခဲ့ကြောင်း အာဖဂန်ထောက်လှမ်းရေး အရာရှိများက ဘီဘီစီသို့ ပြောကြားသည်။ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ အသုံးပြုနေသော အဆိုပါလေတပ် စစ်အခြေစိုက်စခန်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ဖေဖော်ဝါရီလကလည်း အလားတူတိုက်ခိုက်ခဲ့ရာ ကိုးဦး သေဆုံးသွားခဲ့ရကြောင်း ၄င်းကပြောကြားသည်။ နေတိုးတပ်ဖွဲ့သည် ၂ဝ၁၄ ခုနှစ် တပ်ဖွဲ့ဝင်များအားလုံး အာဖဂန်နစ္စတန်နိုင်ငံမှ မထွက်ခွာမီ တဖြည်းဖြည်းချင်း အာဖဂန်တပ်ဖွဲ့ဝင်များသို့ လုံခြုံရေးတာဝန်များ လွှဲပြောင်းပေးလျက်ရှိသည်။
khitlunge

No comments:
Post a Comment