၁၀ တန်း စာမေးပွဲ အချိန်ဇယား ထွက်ပြီ
ဆယ်တန်း စာမေးပွဲ အချိန်ဇယားထွက်ပါပြီ။ အခုလာမယ့်နှစ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က စတင်
ဖြေဆိုရမှာဖြစ်ပြီး မတ်လ ၂၂ ရက်နေ့က နောက်ဆုံးနေ့ဖြစ်ပါတယ်။
မြန်မာ့ ပညာရေး စနစ်မှာ စာမေးပွဲဟာ
အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါဘဲ။ ကျောင်းသား မိဘတွေ ကလည်း
ကိုယ့်သားသမီးကို စာတတ်ရေးထက် စာမေးပွဲအောင်မြင်ရေးကိုသာ ကြည့်တတ်ကြတာ
အများ စု ဖြစ်နေဆဲပါ။
ကျောင်းသားတွေရော၊ ကျောင်းသား
မိဘတွေရော၊ နိုင်ငံတော်ရဲ့ ပညာရေး မူဝါဒတွေပါ အကုန်ပြောင်းလဲ နိင်ပါမှ
မြန်မာ့ပညာရေး စနစ်က ရှေ့ကို ရောက်လာနိုင်ပါ တယ်။ နိုင်ငံတကာ က
မြန်မာ့ပညာရေး ကို လေးစားတန်ဘိုးထားလာနိုင်မှာလည်းဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းဟာ အဲဒီနိုင်ငံရဲ့ ပညာရေးစနစ်အပေါ် အများကြီး မူတည်ပါတယ်။
irrawaddy blog
No comments:
Post a Comment