Saturday, December 1, 2012
မော်စကိုမြို့တွင် ဆီးနှင်းများ ထူထပ်စွာကျဆင်း
ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာ ၂၈ ရက်ကတည်းကစပြီး ယခုနှစ် ဆောင်းရာသီ၏ အထူထပ်ဆုံး ဆီးနှင်းကျမှုကြီး ကြုံတွေ့ရပြီး နှစ်ပေါင်း ၅၀ အတွင်း အထူထပ်ဆုံး ဆီးနှင်းကျမှုဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ မိုးလေ၀သဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ မော်စကိုမြို့၏ သုံးပုံတစ်ပုံသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သာမန်ဆီးနှင်းကျမှု တွေ့ကြုံခဲ့ရသည်။ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကတည်းက ဆီးနှင်းများ အဆက်မပြတ် ကျဆင်းနေမှုကြောင့် မော်စကိုမြို့၏ နေရာ အစိတ်အပိုင်း အချို့တို့တွင် ၂၀ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် နှောင်းပိုင်းအထိ ဆီးနှင်းများ ဆက်လက်ကျဆင်းဖွယ် ရှိသည်ဟု ရုရှားမိုးလေ၀သ ဌာနက ခန့်မှန်းထားသည်။ အဆိုပါ ဆီးနှင်းကျဆင်းမှုသည် စုစုပေါင်း ၅၅ စင်တီမီတာအထိ ရောက်ရှိနိုင်ပြီး နှစ်ပေါင်း ၅၀ အတွင်း အထူထပ်ဆုံး ဆီးနှင်းကျဆင်းမှု ဖြစ်နိုင်သည်။
khitlunge

No comments:
Post a Comment