Saturday, December 1, 2012
ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားသည့်စစ်ပွဲ ပြည်ပ ၁၈ နိုင်ငံမှ အကြမ်းဖက်သမားများပါဝင်
ဆီးရီးယားနိုင်ငံ၏ လများစွာ အကျပ်အတည်းကာလအတွင်း ပြည်ပမှ အကြမ်းဖက်သမားများ ပါဝင်မှုနှင့်ပတ်သက်ပြီး အထောက်အထားများ စစ်ဆေးရမှုကို ဆီးရီးယားအစိုးရက ထုတ်ပြန်ပေးခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က သိရသည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များအား ဆန့်ကျင်တိုက်ခိုက်စဉ်အတွင်း သေဆုံးခဲ့သည့် ပြည်ပနိုင်ငံ ၁၈ နိုင်ငံမှ အကြမ်းဖက်သမား ၁၄၂ ဦး၏ အမည်စာရင်းများကို ဆီးရီးယား အယ်လ်ဝါတန် သတင်းစာက ဖော်ပြသည်။ ယင်းစာရင်းတွင် အများဆုံးပါဝင်သည့် အကြမ်းဖက်သမားများမှာ ဆော်ဒီအာရေဗျ၊ လစ်ဗျား၊ တူနီးရှား၊ အာဖဂန်၊ အီဂျစ်၊ ကာတာ၊ လက်ဘနွန်၊ တူရကီ၊ ချတ်ဒ်သမ္မတနိုင်ငံ၊ ချေချင်းညာနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ ဖြစ်သည်။ အကြမ်းဖက်သမား အများစုမှာ အောက်တိုဘာလမှ နိုဝင်ဘာလတွင် အလက်ပို၊ ဟွန်းစ်၊ အိုင်ဒစ်နှင့် ဟာဆာကိ မြို့များအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:
Post a Comment