Monday, December 3, 2012

မက္ကဆီကိုနိုင်ငံ၌ ခြောက်နှစ်အတွင်း လူပေါင်း ၂၅၀၀၀ ကျော်ပျောက်ဆုံး


မက္ကဆီကိုနိုင်ငံတွင် လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကလေးလူကြီး ၂၅ဝဝဝ ကျော်ပျောက်ဆုံးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ခြင်းမရှိသော မှတ်တမ်းများ၌ ဖော်ပြထားသည်။ အဆိုပါ များပြားလှသော လူဦးရေသည် လက်တင်အမေရိက နိုင်ငံအတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါး၊ အကြမ်းဖက်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရာဇဝတ်မှုခင်းများအတွင်း ပျောက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း မက္ကဆီကို အစိုးရရှေ့နေချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် ပျောက်ဆုံးနေသူများ၏ ကိုယ်ရေးအချက်အလက်များကိုပါ ဖော်ပြထားသည်။ ပျောက်ဆုံးသူများ၏ အမည်များ၊ ပျောက်ဆုံးသည့်ရက်စွဲ၊ ပျောက်ဆုံးသူ ၀တ်ဆင်ထားသော အ၀တ်အစားများ အလုပ်အကိုင်များကိုပါ အသေးစိတ်ဖော်ပြထားသည်။
khitlunge

No comments:

Post a Comment