Tuesday, December 25, 2012

ကမ္ဘာ့သတင်းအချက်အလက် ပမာဏသည် လူသားများ အမည်သတ်မှတ်ထားသော ဘောင်ထက်ပင် ကျော်လွန်တော့မည် ဖြစ် သောကြောင့် ဂဏန်းအမည်သစ် သတ်မှတ်မည်


နည်းပညာလောကတွင် ကွန်ပျူတာများ၏ အချက်အလက်သိမ်း ဆည်းနိုင်မှုပမာဏကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာများတွင် ဂစ်ဂါ ဘိုက်ဖြင့် ဖော်ပြပြီး သိပ္ပံနယ်ပယ် နှင့် နည်းပညာနယ်ပယ် အထူးပြု လုပ်ငန်းများတွင်ကား ဂစ်ဂါဘိုက် အဆတစ်ထောင်နှင့်ညီမျှသော တာ ရာဘိုက်ဖြင့် ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ ဂစ်ဂါဘိုက်ဟူသည် ဂဏန်း တစ်လုံးနောက်တွင် သုညကိုးလုံးပါသော ကိန်းဖြစ်သည်။ တာရာ ဘိုက်ဟူသည် ဂဏန်းတစ်လုံးနောက်တွင် သုည ဆယ့်နှစ်လုံးပါသော ကိန်းဖြစ်သည်။ ထို့ထက်တစ်ဆင့် မြင့်လျှင် သုညဆယ့်ငါးလုံးပါသော ပီတာဘိုက်၊ သုည ဆယ့်ရှစ်လုံးပါ သော အိပ်ဇာဘိုက်၊ သုည နှစ်ဆယ့် တစ်လုံးပါသောဇက်တာဘိုက်၊ သုည နှစ်ဆယ့်လေးလုံးပါသော ယိုတာဘိုက်အဖြစ် အမည်သတ်မှတ်ထားသည်။ ထို့ထက်ပို၍ သတ်မှတ် ထား ခြင်း မရှိသေးသလို၊ ထို့ထက်ပိုသော ကိန်းဂဏန်းဖြင့်ဖော်ပြရန် အကြောင်းအရာလည်း မရှိခဲ့သေး။

သို့သော် ယခုအခါ ဖေ့စ် ဘွတ်ခ်၊ ဂူဂဲလ်စသည့် အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီများသည်သတင်း အချက် အလက်များကို တစ်နေ့တစ် ခြားတိုးတက်များပြားပြီး သိမ်းဆည်းလာရရာဂဏန်းတစ်လုံးနောက်တွင် သုညနှစ်ဆယ့်လေးလုံးပါသော ယိုတာဘိုက်ကိန်းဖြင့်ဖော်ပြနိုင်သည့် ပမာဏထက်ပင် ကျော်လွန်တော့ မည်ဖြစ်သောကြောင့် ကိန်းဂဏန်း သစ်သတ်မှတ်ရန် လိုအပ်လာပြီဖြစ် သည်။

ယိုတာဘိုက်ကို ၁၉၉၁ ခုနှစ် တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက်နိုင်ငံတကာ အလေးချိန်နှင့် အတိုင်း အတာများကော်မတီ အစည်းအဝေး ပွဲတွင် နောက်ဆုံး သဘောတူအတည် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယိုတာဘိုက်ထက် တစ်ဆင့် ပိုကြီးပြီး ဂဏန်းတစ်လုံး နောက်က သုည နှစ်ဆယ့် ခုနစ်လုံး ပါမည့် ကိန်းကိုနာမည်ပေးရန် ဆွေးနွေးလျက်ရှိပြီး 'ဟယ်လာ ဘိုက်' ဟု အမည်ပေးရန် ယာယီသတ်မှတ် ထားပြီ ဖြစ်သည်။
Messenger News Journal

No comments:

Post a Comment