Friday, December 7, 2012

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ၌ သမ္မတလောင်းခုနစ်ဦး ယှဉ်ပြိုင်မည်


တောင်ကိုရီးယားနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ခုနစ်ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ သမ္မတရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ကြမည့်သူများမှာ အာဏာရ နယူးဖရန်တီယာပါတီမှ ပါ့ခ်ဂွန်ဟေးနှင့် အတိုက်အခံပါတီဖြစ်သော ဒီမိုကရက်တစ် ယူနိုက်တက်ပါတီမှ မွန်းဂျေးတို့ ဖြစ်ကြသည်။ တောင်ကိုရီးယား ပြည်သူ များအတွင်း ရေပန်းစားသူ ပါ့ခ်ဂွန်ဟေးသည် သမ္မတဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သည်။ ပတ်ချုံဟီးသည် ၁၉၆၁ ခုနှစ် စစ်အာဏာသိမ်းယူမှုအပြီး အာဏာရရှိလာခဲ့သည်။ ၄င်းသည် ၁၉၇၉ ခုနှစ်တွင် သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။ ပါ့ခ်ဂွန်ဟေး၏ မိခင်ဖြစ်သူမှာလည်း ၁၉၇၄ ခုနှစ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။ ဒီမိုကရက်တစ် ယူနိုက်တက်ပါတီမှ မွန်းဂျေးမှာ ယခင်သမ္မတ နိုမူဟွန်း၏ လက်ထက်တွင် သမ္မတရုံး ရုံးအဖွဲ့မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ မိမိသည် အာဏာ ရရှိပါက မြောက်ကိုရီးယားနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး အမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း မွန်းဂျေးက ပြောကြားသည်။
khitlunge

No comments:

Post a Comment