Tuesday, December 25, 2012
မြောက်ကိုရီးယားလုပ်ဒုံးပျံများ အမေရိကန်အထိ အရောက်ပစ်နိုင်ဟုဆို
ကီလိုမီတာ ၁ဝဝဝဝ အကွာအဝေးရှိ ပစ်မှတ်များကို ရောက်အောင် ပစ်ခတ်နိုင်သည့် မြောက်ကိုရီးယားရှိ ဒုံပျံများသည် အမေရိကန် အနောက်ဘက် ကမ်းခြေအထိ ရောက်ရှိနိုင်ကြောင်း၊ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်ကို ဒီဇင်ဘာ ၂၃ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြထားသည်။ ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ တာဝေးပစ်ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။ ယင်းရလဒ်ကို တွက်ချက်ခြင်းအားဖြင့် မြောက်ကိုရီးယား နိုင်ငံသည် အလေးချိန် ၅ဝဝ မှ ၆ဝဝ ကီလိုဂရမ်အထိ လေးသော ဒုံးပျံထိပ်ဖူးကို သယ်ဆောင်လျက် အကွာအဝေးကီလိုမီတာ ၁၀၀၀၀ ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု လေ့လာ သုံးသပ်ထားကြောင်း အမည် မဖော်လိုသူ တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောကြားသည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြောက်ကိုရီးယားနိုင်ငံ၏ ယင်းဒုံးပျံလွှတ်တင်မှုကို အကြီးအကျယ် စိုးရိမ်ပူပန်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်လုံးကို ထပ်မံလွှတ်တင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့သည်။ ဒုံးပျံများ လွှတ်တင်ရေးနှင့် ဂြိုဟ်တုများ လွှတ်တင်ရေးသည် မြောက်ကိုရီးယားနိုင်ငံ၏ အကြိုအာကာသ အစီအစဉ်ဖြစ်ကြောင်း မြောကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment