Saturday, December 8, 2012

၂ဝ၁၆ ခုနှစ်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဟီလာရီ ကလင်တန်ကို အမေရိကန် ပြည်သူအများစု ထောက်ခံ


အမေရိကန် နိုင်ငံသားအများစုသည် ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကိုထောက်ခံလျက်ရှိကြောင်း ဒီဇင်ဘာ ၅ ရက်က နိုင်ငံ တစ်ဝန်းတွင်နောက်ဆုံး ကောက်ယူခဲ့သည့် လူထု စစ်တမ်းအရ သိရသည်။ နောက်ဆုံး ကောက်ယူ ခဲ့သည့် သဘောထား စစ်တမ်းအရ အမေရိကန် နိုင်ငံသား ၅၇ ရာခိုင် နှုန်းသည် ဘားရက် အိုဘားမား၏လေးနှစ်ကြာ ဒုတိယသမ္မတ သက်တမ်းကုန်ဆုံး ပြီးနောက် ကျင်း ပမည့် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ရွေးချယ်ခံရန် ကလင်တန် ကိုထောက်ခံလျက် ရှိပြီး ၃၇ ရာခိုင်နှုန်းသာ ထောက်ခံမှု မရှိကြောင်း ABC News နှင့် Washington Post တို့၏ ဖော်ပြချက်များအရ သိရသည်။
ထို့အပြင် ကောက်ယူခဲ့သောစစ်တမ်းအရ ကလင်တန်ကို အမျိုးသမီးများက အများဆုံး ထောက်ခံလျက် ရှိပြီး ယင်းစစ်တမ်းတွင် ပါဝင်သူ ၆၆ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်၍ ၄၉ ရာခိုင်နှုန်းသည် အမျိုးသား များဖြစ်ကြောင်း သိရသည်။
ကလင်တန်သည် ၎င်း၏ သံတမန် ရေးရာလုပ်ဆောင်မှုများ အပေါ်ပြည်သူများ၏ ထောက်ခံမှုနှင့် လူကြိုက် များမှုကို ရရှိ နေသော်ငြားလည်း မကြာမီတာဝန်မှအနားယူရန် မျှော်မှန်းထားကြောင်းသိရသည်။
မြ၀တီ

No comments:

Post a Comment