ထိုင်းဝန်ကြီးချုပ်နှင့် ၀န်ကြီးသုံးဦး အယုံအကြည်မရှိအဆိုကို အနိုင်ရရှိ
ထိုင်းဝန်ကြီးချုပ်
ရင်လတ်ရှင်နာဝပ်နှင့် ၀န်ကြီးသုံးဦးတို့ကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက
အယုံအကြည်မရှိအဆို တင်သွင်းရာ အောက်လွှတ်တော်က နိုဝင်ဘာ ၂၈ ရက်တွင်
လေးဦးစလုံးကို ထောက်ခံမဲ ပေးလိုက်ကြသည်။ ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က
အမတ်ဦးရေ ၄၉၃ ဦး တက်ရောက်သည့် အောက်လွှတ်တော်၌ ထောက်ခံမဲ ၃၀၈ မဲ၊
ကန့်ကွက်မဲ ၁၅၉ မဲဖြင့် အနိုင်ရရှိသည်။ အလားတူပင် ဒုတိယ၀န်ကြီးချုပ်
ချာလမ်းမှာလည်း ထောက်ခံမဲ ၂၈၇ မဲ၊ ကန့်ကွက်မဲ ၁၅၇ မဲဖြင့်လည်းကောင်း၊
ကာကွယ်ရေး ၀န်ကြီး ဆူဘမ်ပိုက ထောက်ခံမဲ ၂၈၄ မဲ၊ ကန့်ကွက်မဲ ၁၆၀
ဖြင့်လည်းကောင်း၊ ဒုတိယ ပြည်ထဲရေးဝန်ကြီး ချတ်ဘူဒီလော့က ထောက်ခံမဲ ၂၈၄ မဲ၊
ကန့်ကွက်မဲ ၁၈၂ မဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိလိုက်သည်။
khitlunge
No comments:
Post a Comment