Saturday, December 1, 2012
ပါလက်စတိုင်းအား နိုင်ငံအဖြစ်သတ်မှတ်ရန် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ဆန္ဒမဲပေးဆုံးဖြတ်
ပါလက်စတိုင်းအား လေ့လာသူအဖွဲ့ဝင်နိုင်ငံ မဟုတ်ဘဲ နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆန္ဒမဲပေးခဲ့ကြသည်။ အစ္စရေးနှင့် အမေရိကန်က ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းအား အသိအမှတ်ပြုရန် ဆန္ဒမဲပေးခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ ယင်းဆန္ဒမဲပေးခြင်းသည် အစ္စရေးနှင့် နိုစ်နိုင်ငံပြဿနာကို ဖြေရှင်းနိုင်ရန် နောက်ဆုံး အခွင့်အလမ်းဖြစ်ကြောင်း ပါကလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်က ယင်းညီလာခံသို့ ပြောကြားလိုက်သည်။ ထိုသို့ ဆောင်ရွက်ခြင်းကို နောက်ပြန် သွားစေနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံတမန်က ဆိုသည်။ ယင်းညီလာခံက ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉ မဲနှင့် ကြားနေမဲ ၄၁ မဲဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းရလဒ်ကို ကြေညာပြီးနောက် အနောက်ဘက် ကမ်းဒေသရှိ ရာမာလာမြို့လမ်းများတွင် ရာပေါင်းများစွာသော ပါလက်စတိုင်းတို့ အောင်ပွဲခံခဲ့ကြသည်။
khitlunge

No comments:
Post a Comment