ပရက်စ်တီဗွီ ရုပ်သံကားများ ဒမတ်စကတ်၌ ဗုံးခွဲတိုက်ခိုက်ခံရ
ဆီးရီးယားနိုင်ငံ
မြို့တော် ဒမတ်စကတ်၌ ပရက်စ်တီဗွီနှင့် အယ်လ်အလမ် ရုပ်မြင်သံကြား
ကွန်ရက်များက ပိုင်ဆိုင်သော မော်တော်ကား ခြောက်စီး
ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း လုံခြုံရေး
သတင်းရပ်ကွက်က ပြောကြားသည်။ အဆိုပါ ကားဗုံးခွဲတိုက်ခိုက်မှုသည်
ဒမတ်စကတ်မြို့ရှိ ပရက်စ်တီဗွီရုံးအနီး၌ ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦးက
ကားတစ်စီးပေါ်တွင် စတစ်ကာဖြင့် တစ်စုံတစ်ခု ကပ်သွားခဲ့ပြီးနောက် ပေါက်ကွဲမှု
ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ
၃၀ ရက်တွင် ပြောကြားသည်။ ယင်းတိုက်ခိုက်မှုကြောင့် လူတစ်ဦးတစ်ယောက်မျှ
ထိခိုက်သေကျေ ပျက်စီးမှု မရှိခဲ့ပေ။
(ပရက်စ်တီဗွီ)
No comments:
Post a Comment