Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ


လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။


 

ပုသိမ်တက္ကသိုလ်

ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။

ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ-၃
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။

မျောက်သစ်ကိုင်းလွတ်နေတဲ့ ချဉ်ဖတ်ဇော်ဇော် - မယ်လိုဒီ နဲ့ ဒီလိုဒီလို


မျောက်သစ်ကိုင်းလွတ်နေတဲ့ ချဉ်ဖတ်ဇော်ဇော် - မယ်လိုဒီ နဲ့ ဒီလိုဒီလို

စာမှားရိုက်မိပါသည် ။ ဟန်လွင်ငြိမ်းမဟုတ်ပါ ။ (ဟန်နွေငြိမ်း) ဖြစ်ပါသည်။






     

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းရင်းကို ထုတ်ဖော်ပြောဆို

ယခင် န.အ.ဖ အစိုးရလက်ထက်တွင် ၀န်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးဌေးဦး၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ပြင်ဆင်ရန်မလိုပါဟု ပြောကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော စကားကို ပါတီစည်းရုံးရေးခရီးစဉ်များတွင်  ပြောကြားခဲ့သော

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိကပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည် မြန်နှုန်းမြင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများ၊ အဆင့်မြင့်နည်းပညာသုံး ဖိုင်ဘာဆက်ကြောင်းများ တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဆက်သွယ်ရေး၊ စာ တိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ နိုင်ငံတော် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပါတ်သက်၍ ရှင်းလင်းပြော ကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းကထည့်သွင်းပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ် နှင့် ကော့မှုး ကို သွားရောက်မည်


ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။ 
သစ်ထူးလွင်

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်ကို မလိမ့်တပတ်နဲ့ အနှောက်အယှက်ပေးခဲ့တဲ့ ရေပေါ်ဆီ ချဉ်ပတ်ဇော်ဇော်


ရေပေါ်ဆီ ချဉ်ပက်ဇော်ဇော်
အမေစုကို ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခဲ့တုန်းက မျက်နှာကတမျိုး......
အဲ့တုန်းကများမသိ၇င် သူ့ ပုံစံကဒီမိုကေ၇စီဘက်တော်သားကြီးပေါ့.....
အခုကျတော့ အဖေတွေကဖိအားပေးတာနဲ့ 
အ၇ူးကွက်နင်းပြီးေ၇ှာင်ထွက်သွားတယ်....အဘ အဘနဲ့ မ,နေတဲ့မင်းတို့ တွေ
မျောက်သစ်ကိုင်းလွတ်တဲ့နေ့  စောင့်ကြည့်နေမယ်...ဖွတ်ငဇော်ေ၇.(မြတ်ဖုန်းလင်း-ဖေ့စ်ဘုတ်)
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်

သစ်ထူးလွင် 

ဂျာအေးသူ့အမေရိုက်တဲ့ကိန်း ဆိုက်နေဦးမှာပဲ

မကြာခင်က ထုတ်ပြန်တဲ့ အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်မှာ ကျပ်ငွေ ကုဋေပေါင်းများစွာ လိုငွေပြနေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံခြားကို ကျပ်ငွေ ကုဋေကုဋာပေါင်းများစွာ ပေးဆပ်ရမှာတွေ ရှိပါတယ်။
ကိုမင်းဇင်
သယံဇာတတွေ ကြွယ်ဝတယ်လို့ အစဉ်အလာ နားလည်ထားကြတဲ့ မြန်မာပြည်အတွက် အခုလို အခြေအနေတွေ ဘာကြောင့် ဖြစ်ရသလဲ။အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့အတွက် ဆည်းပူးနေတဲ့ ကိုမင်းဇင်က အစိုးရရဲ့ ငွေကြေးသုံးစွဲတဲ့ပေါ်လစီ အမှားကြောင့်လို့ သုံးသပ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

မန်မာနိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိ မရှိ နိုင်ငံတကာ​ ​လေ့လာရေးအဖွဲ့တွေကို​ ​စောင့်ကြည့်ခွင့်ပေးဖို့​ ​မြန်မာအစိုးရကို အမရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။


မိုက်ကယ်ပေါ့စ်နာ

အမေရိကန်လက်ထောက်နိုင်ငံခြားရေး မိုက်ကယ်ပေါ့စ်နာက ၀ါရှင်တန်မှာ အမေရိကန် အမျိုးသားဒီမိုကရေစီ​ထောက်ပံ့ရေးအဖွဲ့ NED က ကျင်းပတဲ့  အလုပ်ရုံ ​ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မိုက်ကယ်ပေါ့စ်နာက ​ ​ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာကို စောင့်ကြည့်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ကိစ္စ​ ​မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ဖူးတဲ့​ ​အ​ကြောင်းနဲ့​ ​ပြည်တွင်းက​ ​စောင့်ကြည့်​ ​လေ့လာသူတွေကိုရော​​ ​ပြင်ပနိုင်ငံတွေက​ ​ရွေးကောက်ပွဲ​ ​စောင့်ကြည့်​ ​လေ့လာသူတွေအတွက်ပါ​ ​လမ်းဖွင့်ပေးလိမ့်မယ်လို့ ​ ​အရမ်းကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရွှေ့ဆိုင်းလိုက်ရ

ရန်ကုန် (မဇ္ဈိမ) ။   ။ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် အစီအစဉ်ကို ဟောပြောရန်
နေရာမရသည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

အပြော မဟုတ်၊ အလုပ်သက်သေ ဖြစ်စေရမည်ဟု မစ္စတာ ကန်တားနား အား
ပြောကြားလိုက်သော ပြည်သူ့ လွှတ်တော် ဥက္ကဌ

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ
ဖြစ်ရမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေ့ လည်
၁ နာရီ ၅ မိနစ်တွင် မစ္စတာ ကန်တားနားနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

ကေအန်ယူ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှုဖြင့်​ ရုံး​ထုတ်

နိုင်ငံ ​တော်ပုန်ကန်မှုနဲ့​ အစိုး​ရက တရား​စွဲခံထား​တဲ့​ ​ကေအန်ယူ ထိပ်တန်း​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်ကို ဒီက​နေ့​ အင်း​စိန်​ထောင် တရား​ရုံး​မှာ စစ်​ဆေး​ပါတယ်။
ပဒိုမန်း​ငြိမ်း​မောင်
သူ့​အ​ပေါ် အစိုး​ရဘက်က တရား​မဝင်အသင်း​အပင်း​နဲ့​ ဆက်သွယ်မှု၊​ နိုင်ငံ​တော် ပုန်ကန်မှုစတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲထား​တာပါ။ ဒီက​နေ့​ ရုံး​ချိန်း​အ​ခြေအ​နေကို ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ခုလို ​ပြောပါတယ်။
“ဒီ​နေ့​က သက်​သေ နှစ်ဦး​ စစ်တယ်။ တရား​လိုပြသက်​သေ တ​ယောက်ရယ်၊​ အမှုစစ်ရယ်ကို စစ်တယ်။ ​နောက်တပတ်မှာ စွဲချက်တင်သင့်​ မတင်သင့်​ ကျ​နော်တို့​ ​လျှောက်လဲချက် ​ပေး​ရမယ်။ ဒီ​နေ့​ တဖက်က​နေ အင်တာနက်ကလာတဲ့​ သတင်း​တွေ။ စာမျက်နှာ စာရွက်​တွေနဲ့​ အင်တာနက်ကဟာ​တွေ တင်​တော့​ ကျ​နော်တို့​ ကန့်​ကွက်တယ်။

The Lady ရုပ်ရှင် ထိုင်းနိုင်ငံတွင် ရုံတင်ပြီ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးတင်ပြထားတဲ့ The Lady ရုပ်ရှင် ထိုင်းနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။
The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံအနှံ့က Major Cineplex ရုပ်ရှင်ရုံတွေမှာ ဖေဖော်ဝါရီလ ၂ ရက်ကစပြီး တပြိုင်တည်း ပြသနေတာပါ။ ဒီရုပ်ရှင်ကားကို ဘန်ကောက်မြို့ စယမ်ဖာဝါလိုင် ရုပ်ရှင်ရုံမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က ဖွင့်ပွဲကျင်းပခဲ့တာပါ။
ဒီဖွင့် ပွဲကို ရုပ်ရှင်ဒါရိုက်တာ လုခ်ဘက်စန်က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး မစ်ချယ်ယိုတို့နဲ့အတူ ထိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝါထရာ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါတယ်။