Monday, February 20, 2012

နျူကလီးယားအရေး ဆွေးနွေးဖို့ အီရန်ကို IAEA ရောက်

အငြင်းပွားစရာ ဖြစ်နေတဲ့ အီရန်နိုင်ငံက နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားဆိုင်ရာ စစ်ဆေးရေး အဖွဲ့တစ်ခု အီရန်နိုင်ငံကို ရောက်နေပါတယ်။ ဒါဟာ သီတင်းသုံးပတ်အတွင်း ကုလသမဂ္ဂက အီရန်ကို ဒုတိယအကြိမ် ရောက်လာတာပါ။

မွန်ပြည်သစ်နှင့် အစိုးရ ဖေဖေါ်ဝါရီလမကုန်မီ အတည်ပြု လက်မှတ်ထိုးဖွယ်ရှိ


ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူချက်ကို ဖေဖေါ်ဝါရီလ မကုန်မီ အစိုးရနှင့် ထပ်မံတွေ့ဆုံ၍ အတည်ပြု လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု မွန်ပြည်သစ်ပါတီ ဌာနချုပ်မှ လာသောသတင်းအရ သိရသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံနိုင်ရန်အတွက် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် စနေနေ့မှ စ၍ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ကျင်းပ၍ ဆွေးနွေးလျက် ရှိပြီး အင်္ဂါနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း

ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာ တွေကိုလည်း ပါတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်လှုပ်ရှားမှုကို ပြန်ခွင့်ပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ တရားမျှတရေးနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာမှာ ကချင်ပြည်နယ်ဘက်က စည်းရုံးရေးခရီးစဉ် ကန့်သတ်ချက်တွေ ပြန်လည်ခွင့်ပြုချက် ရရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ကချင်ပြည်နယ် အဖွဲ့ချုပ်ဝင်များ ပြင်ဆင်နေကြစဉ်
အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲက တနာရီမှပြီးပါတယ်။ သုံးနာရီကျော်ကျော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား​ ​ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့အဖွဲ့ ပြည်နယ်အဆင့် ရှိတဲ့လူတွေကို ခေါ်တွေ့ပြီးတော့ ကန့်သတ် ထားတာတွေ အားလုံးကို ရုပ်သိမ်းလိုက်ပါပြီ။ အောက်က မှားယွင်းပြီးတော့ လုပ်တာပါတဲ့။

DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ်

လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA စစ်ဦးစီးမှူး တဦးကို ကရင်နယ်ခြားစောင့်တပ် BGF မှ အဝေးပစ် စနိုက်ပါ ရိုင်ဖယ်ဖြင့်
ချောင်းမြောင်း ပစ်ခတ်မှု တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဟုဆို


အားကစားဝန်ကြီးဦးတင့်ဆန်း
 ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း တွင် နေရာရရှိရေးအတွက် အားကစားကွင်းများအသုံးပြုရာတွင် အားကစားပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအနေနှင့်ကန့်ကွက်မှု့များရှိပြီး ဖျာပုံတွင် ဖြစ်ခဲ့သော ကိစ္စတွင် ၀န်ကြီးတစ်ဦးအနေနှင့် ဟန့်တားနေခြင်းသည် လုံးဝမသင့်တော်ကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံထားရသော ဦးဥာဏ်ဝင်းက ရှင်းလင်းပွဲတွင်ပြောကြားသွားသည်။

အန်အယ်လ်ဒီ လွှတ်​တော်အမတ် ​ဒေါက်တာမြတ်ဉာဏစိုး​နှင့်​ ​မေး​မြန်း​ချက်

ရန်ကုန်တိုင်း ​က အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဉာဏစိုး​ရဲ့​ ပါတီဝင်အဖြစ် ​လျှောက်ထား​ချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့​အတွက် ​ဒေါက်တာ မြတ်ဉာဏစိုး​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်သွား​ပြီလို့​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ဒီ​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ​ပြောဆိုလိုက်ပါတယ်။
ဒေါက်တာမြတ်ဉာဏစိုး
ဒေါက်တာမြတ်ဉာဏစိုး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က သတင်း​စာရှင်း​လင်း​ပါတယ်။ အဲဒီမှာ ​ဒေါက်တာမြတ်ဉာဏစိုး​က အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်တဦး​လို့​ ​ပြောသွား​လို့​လေ။

အားကစားဝန်ကြီး တားမြစ်မှု NLD ရှင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ
အောင်နိုင်ရေး မဲဆွယ်စည်းရုံးရာတွင် အားကစားဝန်ကြီးက ဘောလုံးကွင်းများကို အသုံးပြုခွင့် မပေးခြင်းကြောင့် မဲဆွယ်မှုအတွင်း အနှောက်အယှက်များ ကြုံနေရကြောင်း NLD က တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍
ပြောကြားသွားသည်။

ရတနာပုံ Call Center သို့ မေးမြန်းသမျှ ဝန်ဆောင်ခပေးရပြီ

သတင်းအချက်အလက် မေးမြန်းနိုင်မည့် ရတနာပုံ Call Center ကို ယခုလမှစတင်ကာ မေးမြန်းမှုများအား ငွေကြေးကောက်ခံနေပြီဟု ဝန်ဆောင်မှုပေးသည့်Blue Oceanကုမ္ပဏီမှ သိရသည်။

တိုင်ရီ အလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ

တိုင်ရီ စက်ရုံရှေ့ မြင်ကွင်း


ရန်ကုန် လှိုင်သာယာစက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​ ၁၀၀၀ ​ကျော်ဟာ လစာတိုး​မြင့်​ရရှိ​ရေး​အတွက် ဒီက​နေ့​ ဆက်လက်ဆန္ဒပြ​နေ ကြပါတယ်။
အလုပ်သမား​ တွေကို သွား​ကူညီ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုကူညီ​ရေး​ကွန်ရက်အဖွဲ့​ရဲ့​ ကို​အောင်​ဇော်​ထွေး​က စက်ရုံ​ရှေ့​က အ​ခြေအ​နေကို ခုလို ​ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကျင်းပမည့် နေရာအားလုံးသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ရန်စီစဉ်ထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်နယ်၊ တိုင်းဒေသကြီးများအားလုံးသို့ စည်းရုံးဟောပြောရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး တာဝန်ခံဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန်စီစဉ်


အင်ကြင်းခိုင်အင်ကြင်းလှိုင်တို့ကို ခွဲစိတ်ကုသပြီး တွေ့ရစဉ်




မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများဖြစ်သည့် အင်ကြင်းခိုင်၊အင်ကြင်းလှိုင်နှင့်ရန်ကင်း၊ ရန်ရှင်းတို့ကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂) အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်) ခေတ်သစ်မူးယစ်ဘုရင် Steven Law ဆောင်းပါးရှင်-ရွှေဓူဝံ

ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်)ခေတ်သစ်မူးယစ်ဘုရင် Steven Law
(ဆောင်းပါးရှင်-ရွှေဓူဝံ)
ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။

 တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်

တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှအလုပ်သမားများ


လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၀၁ ၂၃၀ နှင့်စသည့် အော်တိုတယ်လီဖုန်းလိုင်းများအား ကြိုတင်ငွေဖြည့်စနစ်သို့ စတင်ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် 
တယ်လီဖုန်းဘေလ်ဆောင်နေသူများအား တွေ့ရစဉ်



မတ်လ ၁ရက်နေ့မှစတင်၍ ၀၁ ၂၃၀ နှင့်စသည့် အော်တိုတယ်လီဖုန်းလိုင်းများအား ဖုန်းဘေလ်ဆောင်စနစ်မှ ကြိုတင်ငွေဖြည့်စနစ် Prepaid စနစ်သို့ ပြောင်းလဲသွားမည်ဟု သိရသည်။

 ဘန်ကောက်မြို့တွင် ဗုံးခွဲသူများသည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ ကားတစ်စီးကို စစ်ဆေးနေပုံ



ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ယခုသီတင်းပတ်အတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့်အဖွဲ့သည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ထိုင်း၊ အိန္ဒိယ၊ ဂျော်ဂျီယာတို့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစ္စရေးနှင့်အီရန်အကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး တင်းမာမှုမြင့်တက်ခဲ့သည်။ 

ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စတင်အကောင်အထည်ဖော်ပြီ

ရန်ကုန်မြို့ 
ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်လာစေရန် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့တော်ဝန်ဦးလှ မြင့်က ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယား မြစ်ဝါမြစ်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်

အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားမှ ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို တန်ပြန်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လာမည့်အပတ်တွင် မြစ်ဝါမြစ်အတွင်း စတင်မည်ဖြစ်ကြောင်း ဖေ ဖော်ရီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း

Missed Calls တစ်ကြိမ် ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာမှန်ကန်မှုမရှိကြောင်း CDMA 800(09-73f×××) ဖုန်းသုံးစွဲသူများအနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း   မြန်မာ့ဆက်သွယ်   ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်း မတော်တဆဖြစ်မှုကြောင့် လူ ၁၅ ဦးသေဆုံး


ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ
 ကျောက်မီးသွေးတွင်းသို့ ရဲများလာရောက်စစ်ဆေးနေစဉ်



တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် လေးယန်းမြို့အနီးရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ ဖေဖော်ရီလ ၁၆ ရက်နေ့က ဓာတ်ရထားတိမ်းမှောက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံး၍ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်

ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။