Tuesday, February 21, 2012

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၃) (ဆောင်းပါးရှင် ရွှေဓူဝံ)


တော်ဝင် ဦးကိုကိုထွေး
အရောင်ပြောင်းသော လူလည်ကြီးများ
အပိုင်း(၃)
ဆောင်းပါးရှင် ရွှေဓူဝံ
ဘဘမှ မမ သို့အရောင်ပြောင်းသွားလေသူ (သို့မဟုတ်)  တော်ဝင် ဦးကိုကိုထွေး

တော်ဝင်မိသားစု ကုမ္မဏီ ဥက္ကဌကြီး ဦးကိုကိုထွေးဆိုတာနဲ့ ဘဘဦးထွန်းကြည်ကို ပြေးမြင်မိပါသည်။ ဘဘရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် စီးပွားရေးနယ်ပယ်မှာ ဦးကိုကိုထွေး တစ်ယောက် လူလားမြောက် ခဲ့ရပါသည်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်များနဲ့ မန္တလေးသားစစ်စစ်တွေက ချစ်ခင်မြတ်နိုးဆဲလို့ ဆိုရပေမည်။

လီနင်၊ ဂန္ဒီ နှင့် ကြည့်ရဦးမည့် ဗိုလ်ချုပ်ရုပ်ရှင်

 
လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်  ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် ‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော

ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခု မြန်မာနိုင်ငံတွင် ထပ်ဆောက်မည်

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် ၂ ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်
အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် တိုင်းပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကိုက်ညီမှုရှိအောင် လေဆိပ်သစ်တွေ ထပ်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး  လေဆိပ်သစ် ဆောက်လုပ်ရေးအတွက် ဂျပန်နဲ့  စင်ကာပူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။

အာဆီယံကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ပြုရန် မြန်မာစဉ်းစားနေ

လာမယ့် ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ မြန်မာသမ္မတက ပြောကြားလိုက်ပါတယ်။
မစ္စတာ ဆူရင်ပစ်ဆူဝမ် နှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ် နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံရာမှာ ပြောဆိုလိုက်တာလို့ အာဆီယံအဖွဲ့က ကြေညာပါတယ်။

မဖြစ်မနေ လစာတိုးပေး​ရေး​သ၀ဏ်လွှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပေးပို့

အစိုးရ၀န်ထမ်းတွေရဲ့ လစာ တိုးပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လိုက်ပါတယ်။
ဦးရွှေမန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပေးပို့တဲ့ သ၀ဏ်လွှာမှာ အချက် ၁၄ ချက် ပါရှိပြီး ၀န်ထမ်းတွေကို ရာခိုင်နှုန်း တခုခုထိ လစာတိုးပေးဖို့ကို ပါရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်ကို ပါတီစည်းရုံးရေးထွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်အဖြစ် ဒီနေ့ ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးထွက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်များမပါတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံမည်ဖြစ်၍ လွှတ်တော်အစည်းအဝေးရပ်နား

တပ်မတော်သား ကိုယ်စားလှယ်များမပါ ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်  များနှင့်ပြည်သူ့လွှတ်တော်   ဥက္ကဌတို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ တွင်တွေ့ဆုံမည် ဖြစ်သောကြောင့်  တိုင်းဒေသကြီးလွှတ်တော်  အစည်းအဝေး ကို(၅) ရက်သာ  ကျင်းပပြီးရပ် နားခဲ့ ကြောင်းသိရသည်။

ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား ထုတ်ပြန်ချက်


၁၉.၂.၂၀၁၂-ရက်စွဲပါ နိုင်ငံတော်ပိုင် သတင်းစာများ၌ပါရှိသော
              ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍
အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက်။ (၂၀.၂.၂၀၁၂) ၁၃၇၃-ခု၊ တပိုတွဲလဆုတ်(၁၃)ရက်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြိုနယ် လူငယ်ပရဟိတကျောင်းသို့ရောက်ရှိ

Daw Aung San Suu Kyi arrived at Aung Zabu Parahita School


ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့အောင်ဇမ္ဗူဘုန်းတော်ကြီးသင်စာသင်ကျောင်းနဲ့ လူငယ်ပရဟိတဂေဟာကို ရောက်ရှိပြီး အောင်ဇမ္ဗူဆရာတော်နဲ့တွေ့ဆုံ ခဲ့ပါတယ်။

လွိုင်ကော်မြို့တွင်မီးလောင်၍ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့်ဆုံးရှုံး



ယမန်နေ့က လွိုင်ကော်မြို့ မြကလပ်တောင်ခြေနမ့်ဘော်ဝမ်ရပ်ကွက်မှာ မတော်တဆ မီးလောင်မှုဖြစ်ခဲ့တဲ့ အတွက် ကျွန်းသစ်ဂိုဒေါင် ၅ လုံးနဲ့အတူ ခရစ်ယာန်သင်းအုပ်ဆရာတဦးရဲ့ နေအိမ်ပါ မီးထဲပါသွားတယ်လို့ သိရပါတယ်။

ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ

အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် 
သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရ
သူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)