Monday, June 4, 2012

အီရန်နျူလက်နက်အစီအစဉ် အမေရိကန်ဆိုက်ဘာနည်းနဲ့တိုက်

အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားဟာ အီရန်နိုင်ငံရဲ့ အဓိကနျူကလီးယားဓာတ်ပေါင်းဖိုတွေကို အဆင့်မြင့် ဆိုက်ဘာ နည်းပညာတွေ သုံးပြီး အကွက်ကျကျ တိုက်ခိုက်နေတယ်လို့ နာမည်ကြီး အမေရိကန် သတင်းစာတစ်စောင်ဖြစ်တဲ့ The New York Times သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ဆီးရီးယား စစ်မီးတောက်မယ့်အရေး ကိုဖီအာနန် သတိပေး

ဆီးရီးယားနိုင်ငံမှာ စစ်မီးတောက်မယ့် အရိပ်အယောင်တွေ တနေ့တခြား တိုးလာနေတယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အထူးကိုယ်စားလှယ်က သတိပေးပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ဆီးရီးယား
သမ္မတ ဘက်ရှာအယ်လ် အာဆဒ်ကို ဖိအားတွေ တိုးပေးဖို့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေက

မြန်မာနိုင်ငံ၌ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေ

ဆွစ်ဇာလန်နိုင်ငံ အစိုးရသည် လာမည့်နွေရာသီတွင် မြန်မာနိုင်ငံ၌ သံရုံး လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။

တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကျောက်တွင်းတွေပိတ်

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပေမဲ့ ကချင်ပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ အခုလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ အခြေအနေတွေမတည်ငြိမ်တာကြောင့် အာဏာပိုင်တွေကနေ ကျောက်တူးတဲ့ လုပ်

တောင်ကုတ်မှာ မူစလင် (၁၀) ဦး အသတ်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်းဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တားဆီးပြီး ကားပေါ်မှာပါလာတဲ့ အစ္စလာမ်ဘာသာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။