Monday, January 7, 2013

Apple မှ ဒေါ်လာ ၂၅၀ အောက် iPhone mini ထုတ်မည်ဟု သတင်းထွက်ရှိ

iPad mini ထွက်ရှိပြီးသကာလ Apple ကုမ္ပဏီသည် iPhone နှင့်ပုံစံတူ အသေးစား iPhone mini ကို ၂၀၁၃ နွေရာသီတွင် ထွက်ရှိမည်ဟု သတင်းထွက်ရှိ  လာပါသည်။   iPad mini ကဲ့သို့ပင် ပို သေးသွယ်၍ဈေးသက်သာသော Version အဖြစ်ထွက်လာမည်ဟု ခန့်မှန်းနေကြပါ သည်။

Samsung နှင့် အပြိုင်ထုတ်လုပ်နေသည့် Apple သည် Smart Phone Market ၏ ၂၁ ရာခိုင်နှုန်းကို သိမ်းပိုက်ရန် ကြိုးစားနေသည်ဟုလည်း ထင်ကြေးပေးနေကြသည်။ ထို့ကြောင့် တကယ် ထွက်ရှိမည် ဆိုပါက၂၀၁၃ ခုနှစ်သည် Apple ၏ iPhone mini နှင့် Samsung ၏ Galaxy SIV တို့ မည်သို့ ပြိုင်ဆိုင် ကြမည်ကို ရင်ခုန်ဖွယ် စောင့်ကြည့်ရမည့် နှစ်တစ်နှစ်လည်း ဖြစ်ပေသည်။
Source:Techspot
Info Tech For Myanmar (IT4M)

No comments:

Post a Comment