Friday, January 11, 2013

စီးပွားရေးမဟာစီမံကိန်းများအတွက် ရန်ကုန်တွင်ဗီယက်နမ်က ဒေါ်လာသန်း ၃၀၀ မြှုပ်နှံ


ဗီယက်နမ်နိုင်ငံ၏ စူပါစီးပွား ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Hoang Anh Gia Lai Group သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ ရှိ အဂ္ဂမဟာ စက်မှုဇုံ (Mega- C omplex) အဆောက်အအုံတစ်ခု တည်ဆောက်ရေး အတွက် အမေ ရိကန်ဒေါ်လာသန်း ၃၀၀ထည့်ဝင် အသုံးပြုကာ ၅နှစ် အတွင်းအပြီး တည်ဆောက်သွားမည်ဟု ဗီယက် နမ်သတင်း များ တွင်ဖော်ပြသည်။

ဗီယက်နမ်တွင် ဒုတိယအချမ်းသာဆုံးသန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ် သည့်ဆောက်လုပ်ရေး ကုမ်္ပဏီ ပိုင်ရှင်ကြီး ဒေါင်ငုယင်ဒတ် (Doan Nguyen Duc) က ““အခု အချိန် ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို အကောင်း ဆုံးအချိန်ပဲ””ဟု ပြော ကြားသွားကြောင်း စီအင်အေ သတင်းတစ်ရပ်တွင်ဖော်ပြသည်။

အဆိုပါ စီးပွားရေးအဆောက် အအုံကြီးတည်ဆောက်နိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှမြန်မာ နိုင်ငံသို့ သံမဏိ ထည်များတန်ချိန် ၃၀၀၀၀နှင့်ဘိလပ်မြေတန်ချိန် ၂၀၀၀၀ကိုပေးပို့တော့မည်ဟုသိရသည်။

တည်ဆောက်ရေးလုပ်ငန်းများအတွက် သံမဏိထည်များအား မြန်မာနိုင်ငံသို့ပေးပို့ရာတွင် မြန်မာနိုင်ငံ သို့ ပေးပို့သည့်ကုန်ကျစရိတ်မှာ အခြားနိုင်ငံများထက် ၂၀ရာခိုင်နှုန်းမျှသက်သာသည်ဟု ၎င်းကဆိုသည်။

myanmartyarkaung blog

No comments:

Post a Comment