Monday, January 7, 2013

အရိုးရဲ့၂ဝ၁၃ အစီအစဉ်


ဂီတ အစည်းအရုံး အမှုဆောင် အဖွဲ့သစ် ပြန်ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ နည်းနည်း အပြောင်းအလဲတော့ ဖြစ်လာကြောင်း တေးရေး၊ တေးဆို အရိုးက ပြောပါတယ်။ အမှုဆောင် အဖွဲ့သစ် အနေနဲ့လည်း ကြိုးစားပြီး လုပ်ဆောင်နေ ကြတာ တွေ့ရကြောင်း၊ အခုကခေတ် ပြောင်းသွားပြီ ဖြစ်တဲ့အတွက် စနစ်ဟောင်း ကြောင့်ဖြစ် တဲ့ ပြဿနာတွေ ကို ရှင်းနေရတာတွေ အများကြီး ပဲဖြစ်ကြောင်း၊ အဲဒါတွေပြီးမှပဲ နောက်ထပ် တစ်ခုကို ထပ်လုပ်နိုင်ကြ လိမ့်မယ်လို့ ထင်ကြောင်း အရိုးက သူ့ရဲ့အမြင် ကိုပြောပြပါတယ်။

“အနုပညာသမား ဆိုတာလည်း သိတဲ့အတိုင်းပဲ။ ကိုယ့်ခံစားချက်နဲ့ ကိုယ်နေ ကြတဲ့ သူတွေလေ။ အကုန်လုံးက တစ်ယောက် တစ်ပေါက်တွေ။ အဲဒါမျိုးတွေ ကို ညှိပြီး လုပ်ရတာဆိုတော့ သူတို့လည်း အခက်အခဲတော့ ရှိမှာပါ။ ကျွန်တော့် အမြင်ကတော့ အဓိကငွေရေး၊ ကြေးရေး အတိုင်းပဲ။ငွေရေး၊ကြေးရေး ပိုင်းရဲ့အရှုပ် အထွေးတွေကို ရှင်းနေရတာပါ။ ရေဒီယိုကလွှင့်တာ၊ ခွဲတာတို့ပေါ့။ တချို့က ကြိုက်တယ်၊ တချို့က မကြိုက်ဘူးပေါ့။ ကျွန်တော်တို့ ဒီမှာက ရင်းနှီးခင်မင်မှု နဲ့အလုပ် လုပ်ကြတာလေ။ စာချုပ်၊ စာတမ်း ဆိုတာ မရှိဘူး။ စာချုပ်၊စာတမ်း ရှိမှဖြစ်မှာ။ အဲဒါမှပဲ တိတိကျကျနဲ့ စကားပြောလို့ ရမှာလေ။ အဲဒါမျိုး လုပ်တော့မှပဲ ဒီပြဿနာက လျော့သွားမှာပါ။ ကျွန်တော့် အမြင်ပေါ့” လို့အရိုးက ဂီတ အစည်းအရုံးနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

အရင် ဂီတ အစည်းအရုံးနဲ့ အခုဂီတ အစည်းအရုံး အပေါ် ယုံကြည်မှုက ဘယ်လို ကွာခြားမှုရှိသွားလဲလို့ အရိုးကိုဆက်မေးတော့ “ရှင်းရှင်းပြောရရင် အစည်း အရုံးက NGO ပါ။ သူတို့မှာ Authority မရှိဘူး။ မရှိတဲ့ အတွက် ကျွန်တော်က တော့ တရား ဥပဒေကို ယုံကြည်တယ်။ အဖွဲ့အစည်းထက် စာရင်ပေါ့။ NGO အဖွဲ့ အစည်း အရုံးတစ်ခု အနေနဲ့က ပြဿနာဖြစ် ရင် နှစ်ဦးနှစ်ယောက် ကို ညှိနှိုင်းပေးရုံပဲ တတ်နိုင်တာပါ။ ဒါလုပ်ပါလို့ သူတို့မှာပြောခွင့် မရှိဘူး။ အဲဒီတော့ တချို့သော ပြဿနာတွေမှာ မှားနေတဲ့ လူကို မှားနေတယ် လို့ တွေ့ဦး အစည်းအရုံးက ခင်ဗျား မှားနေတယ်လို့ သွားပြော လို့မရဘူး။ ဥပဒေအရ ပဲသွားလို့ရမှာပါ” လို့ ပြောပါတယ်။

နှစ်တစ်နှစ်ရဲ့ ဇန်နဝါရီ ၁ရက် ရောက်တိုင်း ပြီးခဲ့တဲ့နှစ်က ငါဘာတွေ လုပ်ဖြစ်ခဲ့လဲ ဆိုတာကို ကိုယ့်ကိုယ် ကိုယ်ပြန်ပြီး သုံးသပ်လေ့ ရှိကြောင်း အရိုးကပြောပါတယ်။ ဒီလိုပြန်လည် သုံးသပ်မှုကို အနုပညာ အလုပ်တွေ လုပ်ခါစလောက် မှာပြန်ပြီး တွေးခြင်းပဲ ဖြစ်ကြောင်း၊ ကိုယ့်ရဲ့အချိန် ဇယား ကိုပြန်ဆွဲတဲ့ အကျင့် ရရှိကြောင်း၊ ပြီးခဲ့တဲ့နှစ် မှာစာအုပ် နှစ်အုပ်ပဲ ထွက် နိုင်ခဲ့သေး ရင်ဒီနှစ်တော့ သုံး၊ လေးအုပ် ထွက်နိုင်အောင် လုပ်မယ် ဆိုတာမျိုး အမြဲစဉ်းစားလေ့ ရှိကြောင်း အရိုး ကပြောပါတယ်။

“အခုလောလောဆယ် လျာထား တာကတော့ တော်တော် ကြာပြီဖြစ်တဲ့ အယ်လ်ဘမ်ကို မရရအောင် ထွက်မယ်။ နောက်စာအုပ် အနေနဲ့ ဝတ္ထု တိုတွေရော၊ လုံးချင်း ဝတ္ထုတွေရော အနည်းဆုံး ၆ အုပ်လောက် ပြီးအောင်ရေးမယ်။ ထွက်ဖြစ်တာ၊ မထွက်ဖြစ်တာထက်ပေါ့” လို့ အရိုးက ၂ဝ၁၃ အစီအစဉ်တွေ ကိုပြောပြခဲ့ပါတယ်။
လင်းအက္ခရာ

Popular

No comments:

Post a Comment