Monday, January 7, 2013

အနောက်နိုင်ငံများ ၀င်ရောက်စွက်ဖက်မှု ဟန့်တားရန် ရုရှားနိုင်ငံက ဆီးရီးယားသို့ စစ်သင်္ဘောငါးစင်း စေလွှတ်


ရုရှားစစ်သင်္ဘောများသည် ဆီးရီးယားနိုင်ငံအတွင်း အနောက်နိုင်ငံများ၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားနိုင်ရန် မြေထဲပင်လယ် ဆီးရီးယားကမ်းလွန်သို့ ဆိုက်ရောက် ဖြန့်ကြက်လျက်ရှိကြောင်း ဇန်နဝါရီ ၆ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံက အဆိုပါ ဒေသသို့ စစ်သင်္ဘောငါးစင်း စေလွှတ်ထားသည်။ သင်္ဘောများပေါ်တွင် စစ်ယာဉ်များနှင့် ရာနှင့်ချီသော မရိန်းတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည်။ ၄င်းသင်္ဘောများသည် မကြာမီ မြေထဲပင်လယ် အရှေ့ပိုင်းတွင် တိုက်ခိုက်ရေး ရေယာဉ်များဖြစ်လာနိုင်သည်ဟု ဆန်းဒေးတိုင်း(မ်) သတင်းစာက ဖော်ပြသည်။ ဆီးရီးယား အခြေအနေသည် အီစတာ ပွဲတော်မတိုင်မီ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနိုင်သည့်အတွက် ရုရှားနိုင်ငံအနေဖြင့်လည်း အသင့် အနေအထား ပြင်ဆင် ထားသင့်ကြောင်း အမည်မဖော်လိုသူ ရုရှား သံတမန်က ပြောကြားသည်။ ဆီးရီးယား ရေပိုင်နက်အနီး ရုရှားရေတပ် ရှိနေခြင်းကြောင့် အနောက်နိုင်ငံများက ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော စစ်သွေးကြွများအား ကူညီရန် ဝင်ရောက် တပ်ဖြန့်ကြက်မှုကို ဟန့်တားပေးနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း အဆိုပါ ရုရှားသံတမန်က ထပ်လောင်း ပြောကြားခဲ့သည်။ 
khitlunge

No comments:

Post a Comment