Wednesday, January 23, 2013

ပြဒါးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဟန့်တားရန် သဘောတူညီ


ပြဒါးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဟန့်တားရန် ဥပဒေအရ တရားဝင် တားဆီးမှုကို ကုလသမဂ္ဂ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၄ဝ ကျော် သဘောတူညီ ခဲ့ကြသည်။ ဂျီနီဗာတွင် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်များက သဘာဝပတ်ဝန်းကျင်၌ အဆိုပါ ပြဒါးခေါ် မာကျူရီပမာဏ လျှော့ချခြင်းဖြင့် အဆိပ်ပါဝင်မှု မြင့်မားသော သတ္တုများ အသုံးပြုခြင်းကို ထိန်းချုပ်နိုင်မည့် စီမံချက်ကို သဘောတူ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြဒါးခေါ် မာကျူရီသည် အာရုံကြောဆိုင်ရာ ဖွဲ့စည်းမှုစနစ် ပျက်စီးစေပြီး လူသားတို့၏ ကျန်းမာရေး အကျိုးဆက် ချို့ယွင်းမှုဖြစ်စေသည်။ မကြာသေးမီက ကုလသမဂ္ဂက မာကျူရီ ထုတ်လွှတ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြင့်မားနေသည်ဟူသော အချက်ကို ထုတ်ပြန်ခဲ့သည်။ ယခုဥပဒေအရ ပြဒါးထုတ်လွှတ်မှုအပေါ် စည်းမျဉ်း ကန့်သတ်ချက်ကို တစ်ညလုံး ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက် နိုင်ငံ ၁၄ဝ ကျော်က သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။ ''ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိတဲ့ သတ္တုတွင်းကို ကမ္ဘာမြေမှ ဖယ်ရှားတဲ့ လုပ်ငန်း အစပျိုးလိုက်တဲ့ ယခုစာချုပ်ကို ဇန်နဝါရီ ၁၉ ရက် နံနက်ခင်းမှာ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာပါ'' ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နစ်နျူတောက ပြောကြားခဲ့သည်။ (ဘီဘီစီ)
khitlunge

No comments:

Post a Comment