Thursday, January 3, 2013

အစ္စတန်ဘူလ်မြို့၌ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား၊ အာဖဂန်ကျောင်းသား ငါးဦး သေဆုံး


တူရကီနိုင်ငံ၏ အကြီးဆုံး မြို့တော် အစ္စတန်ဘူလ်တွင် နေအိမ်တစ်လုံးအတွင်း သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဇန်နဝါရီ ၁ ရက်က အာဖဂန်ကျောင်းသား အနည်းဆုံး ငါးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တူဒေးဇာမန်း သတင်းစာက ဖော်ပြသည်။ အဆိုပါ ဖြစ်ပွားမှုသည် တူရကီနိုင်ငံ ဇီတန်ဘူနူခရိုင် အထပ်လေးထပ်ရှိ အဆောက်အအုံ တစ်လုံးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် နေအိမ်အတွင်းရှိ အာဖဂန်ကျောင်းသား ငါးဦးသေဆုံးခဲ့ကြောင်း အဆိုပါသတင်းတွင်  ဖော်ပြသည်။ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 
khitlunge

No comments:

Post a Comment