တောင်ကိုရီးယားသို့ ထွက်ပြေးသွားကြသည့် မြောက်ကိုရီးယား ဒုက္ခသည်ဦးရေ လျော့နည်းလာ
မြောက်ကိုရီးယားနိုင်ငံမှ
တောင်ကိုရီးယား နိုင်ငံဘက်သို့ ခိုလှုံထွက်ပြေးကြသူ ဒုက္ခသည် အရေအတွက်မှာ
၂၀၁၂ ခုနှစ် ဦးရေသည် ၂၀၁၁ ခုနှစ်ဦးရေနှင့် နှိုင်းယှဉ်ပါက
လျော့နည်းလာခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။ မြောက်ကိုရီးယား ဘက်မှ
ခိုဝင်လာသော ဒုက္ခသည် ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ၁၅၀၀ ကျော်ခန့်ရှိပြီး ၂၀၁၁
ခုနှစ်က ဒုက္ခသည် ၂၇၀၀ ခိုဝင်လာခဲ့သည်နှင့် နှိုင်းယှဉ်ပါက လျော့နည်း
လာသည်ကို တွေ့ရှိ ရသည်ဟု တောင်ကိုရီးယား နိုင်ငံ ဘက်က ပြောကြားခဲ့သည်။
ခေါင်းဆောင်သစ် ကင်ဂျုံအန်က သူ့တိုင်းပြည်မှ ပြည်သူများ ပြည်ပသို့
ထွက်ပြေးခိုလှုံကြခြင်းကို ကာကွယ်နိုင်ရေးဘက်တွင် အာရုံစိုက် လုပ်ဆောင်လျက်
ရှိသည်ဟု ပြုပြင်ပြောင်းလဲရေး ၀ါဒီများက ဆိုသည်။
khitlunge
No comments:
Post a Comment