Wednesday, January 9, 2013
ဆစ်ဒနီမြို့ရှိ နျူကလီးယား သုတေသနစခန်း၌ မီးလောင်မှုဖြစ်ပွား
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ နျူကလီးယား သုတေသနစခန်းတွင် ဇန်နဝါရီ ၈ ရက်က မီးလောင်မှု ဖြစ်ပွားကြောင်း၊ သို့ရာတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းစခန်းရှိ ဓာတ်ပေါင်းဖိုများ ထိခိုက်ပျက်စီးမှု မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဆစ်ဒနီမြို့၌ အပူလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန် မြင့်တက်နေချိန်အတွင်း နျူကလီးယား သုတေသနစခန်း၌ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။ အပူလှိုင်းဖြတ်သန်းမှုနှင့် အတူ တောမီးလောင်ကျွမ်း မှုများ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် နျူကလီးယား သုတေသနစခန်း၌ မီးလောင်မှုဖြစ်ရပ်သည် ရာသီဥတု အခြေအနေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သြစတြေးလျ နျူကလီးယား သိပ္ပံနှင့်နည်းပညာ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။ ဆစ်ဒနီမြို့တောင်ဘက်ရှိ လူးကပ်စ်ဟိုက် နျူကလီးယား သုတေသန စခန်း၌ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲက မီးလောင်မှုဖြစ်ပွားကြောင်း၊ မီးလောင်မှုမှာ ပြင်းထန်ခြင်းမရှိဘဲ ဓာတ်ပေါင်းဖိုများ ပျက်စီးမှု မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
khitlunge

No comments:
Post a Comment