Friday, January 11, 2013
ဟီရိုရှီးမား အဏုမြူဗုံးကြဲခံရမှု ရှားပါးဓာတ်ပုံ ဂျပန်၌တွေ့ရှိ
ဟီရိုရှီးမားမြို့ကို အမေရိကန်တို့ အဏုမြူဗုံးကြဲရာမှ ထွက်ပေါ်လာသော မှိုပွင့်ပုံသဏ္ဌာန် အဏုမြူ တိမ်တိုက်ပုံအား မတူညီသည့် နေရာနှစ်ခုမှ ရိုက်ကူး ပြသထားသည့် ရှားပါးဓာတ်ပုံတစ်ပုံကို ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၁ဝ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ရှားပါးသော အဆိုပါ အဖြူအမည်း ဓာတ်ပုံလေးကို ပိုင်ဆိုင်သူမှာ ဟီရိုရှီးမားမြို့ ဟွန်ကာဝါ မူလတန်းကျောင်းဖြစ်သည်။ ၄င်းကျောင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ယင်းမြို့၏ နျူကလီးယားဗုံးနှင့် ဆက်နွှယ်သော ပစ္စည်းများကို သိမ်းဆည်းထားသည်။ အဆိုပါ ပစ္စည်းများကြားမှ ၄င်းဓာတ်ပုံကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်း အမှတ် ပြတိုက်ရှိ ပြတိုက်မှူး တစ်ဦးက ဇန်နဝါရီ ၉ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ယင်း ဓာတ်ပုံလေးကို ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်က အဆိုပါ အဏုမြူဗုံး ပေါက်ကွဲပြီးနောက် နာရီဝက်ခန့် အကြာတွင် ရိုက်ကူး ယူဆောင်ထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment