Sunday, January 13, 2013

ဂေါရီလာ မျောက်ဝံဖြူ


၁၉၆၄ ခုနှစ်က အာဖရိကတိုက် အလယ်ပိုင်း အီကွေတာ ဂီနီနိုင်ငံမှာ တွေ့ရှိပြီး ၁၉၆၆ ခုနှစ်ကျတော့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ က တိရစ္ဆာန်ဥယျာဉ် သို့ ပို့ဆောင်ခဲ့ပါတယ်။
မွေးရာပါ တစ်ကိုယ်လုံး ဖြူဖွေးနေတဲ့အတွက် သူ့ကို စနိုးဝိုက် ဂေါရီလာ၊ နှင်းပွင့် ဂေါ်ရီလာ (Snowflak Gorilla) လို့လည်း ခေါ်ပါတယ်။ မွေးရာပါ albino လို့ခေါ်တဲ့ ခရုသင်းရောဂါ တစ်မျိုးကြောင့် အမွေးအမျှင်နဲ့ ခန္ဓာကိုယ် တစ်ခုလုံး ဖြူနေရခြင်း ဖြစ်ပါတယ်။ ဂီနီတောမှာ တွေ့တုန်းက မွေးကင်းစ အရွယ်ဖြစ်ပြီး စပိန်နိုင်ငံမှာတော့ တကယ့် လူဝံဖြူကြီးအတိုင်း သန်မာတာကို ယခုလို မြင်တွေ့ရပါတယ်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
တစ်ကိုယ်လုံး ဖြူတဲ့ လူဝံတွေထဲမှာဆိုလို့ Snowflake Gorilla ဟာ ယနေ့အချိန်အထိ  ရှားရှားပါးပါး တစ် ကောင်သာ မှတ်တမ်းတင်ဖူး၊ တွေ့ရှိဖူးခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki

No comments:

Post a Comment