ဟွန်ဒူးရပ်စ်တွင် ရွှေသေနတ် သိမ်းဆည်းရမိ
ဟွန်ဒူးရပ်စ်
ရဲတပ်ဖွဲ့က ရွှေပြားကွတ်ထားသည့် AK-47 မောင်းပြန် ရိုင်ဖယ်သေနတ်တစ်လက်ကို
ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ ရွှေသေနတ်သည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ဝဝဝဝ တန်ဖိုးရှိပြီး
မူးယစ်ဆေးဝါး မှောင်ခိုများ ပိုင်ဆိုင်သော သေနတ်ဖြစ်လိမ့်မည်ဟု ရဲတပ်ဖွဲ့က
ယုံကြည်ထားသည်။ ၄င်းရွှေသေနတ်ကို ဟွန်ဒူးရပ်စ်မြို့တော် တေဂူစီဂယ်ပါမှ ၁၈၆
မိုင်အကွာ နေအိမ်ခြံဝင်း တစ်ခုအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးက
စီးနင်းရှာဖွေမှု ပြုလုပ်စဉ် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေး
တပ်ဖွဲ့ဝင်များက အခြားသော ရိုင်ဖယ်သေနတ် ၃ဝ ကိုပါ သိမ်းဆည်း ရမိခဲ့သည်ဟု
ဆိုသည်။
khitlunge
No comments:
Post a Comment