Monday, January 7, 2013
ပါကစ္စတန်နှင့် အိန္ဒိယတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်
ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသော ပြင်းထန်စွာ အငြင်းပွားနေသည့် နယ်စပ်၌ တနင်္ဂနွေနေ့တွင် ပါကစ္စတန်နှင့် အိန္ဒိယတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ကြပြီး တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်မှု စတင်သည်ဟု စွပ်စွဲကြသည်။ အိန္ဒိယ တပ်ဖွဲ့ဝင်များသည် လက်ရှိ တည်ရှိနေသည့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်၍ စစ်ဘက်ကင်းစခန်း တစ်ခုကို တိုက်ခိုက်ရာ ၄င်း၏ စစ်သည်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသည်ဟု ပါကစ္စတန်နိုင်ငံက ပြောသည်။ ယင်းစွပ်စွဲချက်သည် မဟုတ်မမှန်ကြောင်း အိန္ဒိယနိုင်ငံက ငြင်းဆိုသည်။ ပါကစ္စတန်စစ်ဘက်မှ ကြေညာချက် ထုတ်ပြန်ရာတွင် အစ္စလာမ္မာဘတ်မြို့၏ မြောက်ဘက် ၄၉ မိုင်အကွာ ဟာဂျီပီယာ၌ ရှိသော ထိန်းသိမ်းရေး စည်းကြောင်းဟု ဆိုသည့် နယ်ခြားကို အိန္ဒိယတပ်ဖွဲ့ဝင်များ ဖြတ်ကျော် လာခဲ့ကြောင်း၊ ဆာဝမ်ပါတရာ အမည်ရှိ စစ်ဆေးရေးစခန်းကို တိုက်ခိုက်ကြောင်း ပါကစ္စတန် ကြည်းတပ်က အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိကြောင်း ဖော်ပြသည်။ အိန္ဒိယတပ်ဖွဲ့ဝင်များသည် သေနတ်တစ်လက်နှင့် ဓားတစ်ချောင်း ကျန်ရစ်ကာ ပြန်လည် ဆုတ်ခွာသွားကြသည်ဟု စစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိန္ဒိယ အုပ်ချုပ်သော ကက်ရှ်မီးယားမှ ဆရီနာဂါမြို့တွင် အိန္ဒိယကြည်းတပ် ပြောရေးဆိုခွင့်ရှိသူက ၄င်းတို့ တပ်ဖွဲ့များ နယ်စပ်ကိုဖြတ်ကျော်ခြင်း မရှိဟု ငြင်းဆိုသည်။ အိန္ဒိယကက်ရှ်မီးယား ဒေသရှိ အူရီခရိုင်မှ ရွာတစ်ရွာကို ပါကစ္စတန် တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု အိန္ဒိယစစ်ဘက်က စွပ်စွဲသည်။
khitlunge

No comments:
Post a Comment