သင်္ဃန်းကျွန်းမြို့နယ်၊ပြည်ထောင်စုတံတားအဆင်း ယာဉ်တိုက်မှု
ဇန်န၀ါရီ ၃၀ရက်နေ့ ညနေ၅ နာရီ ၁၀ မိနစ်ခန့်က
သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ထောင်စုတံတား အဆင်းတွင်၂၅၂
(တောင်ပိုင်းခရိုင်) ယာဉ်လိုင်းမှ ဘီအမ် ဘတ်စ်ကားတစ်စီးသည် ဘရိတ်ပေါက်ပြီး
လမ်းဘေးအုတ်နံရံကို ၀င်တိုက်သဖြင့် ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်သီလရှင်တစ်ပါး၊အမျိုးသမီးတစ်ဦးနှင့်
လမ်းပေါ်တွင် စက်ဘီးစီးနင်းလာသော အမျိုးသားတစ်ဦးတို့
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့်
ထိခိုက်ဒဏ်ရာရရှိသူများကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီး သို့
ပို့ဆောင်ထားကြောင်း သိရသည်။
EMG
No comments:
Post a Comment