Tuesday, January 1, 2013
သမ္မတအာဆက်နေရာ အစားထိုးရန် ဆီးရီးယားပြည်သူများ ပြင်ဆင်နေ
ဆီးရီးယား ပြည်သူတို့အနေဖြင့် သမ္မတ အာဆက်နေရာတွင် အစားထိုးနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်းတူရကီဝန်ကြီးချုပ် ရေးဆက်စောရစ်အာဒိုဂန်ကပြောကြားလိုက်ကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ပရက်စ်တီဗွီ သတင်း၌ ဖော်ပြသည်။ ''ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ကူညီကယ်တင်မှုကို ရှင်းလင်းပြတ်သားစွာ မြင်နေရပါပြီ။ အောင်မြင်မှု ရတော့မယ်ဆိုတာ မမေ့ကြပါနဲ့'' ဟု အာဒိုဂန်က ဒီဇင်ဘာ ၃ဝ ရက်တွင် ဆန်လူဖာပြည်နယ် အက်ခါစေးရှိ ဒုက္ခသည်စခန်း၌ ဆီးရီးယား ဒုက္ခသည်များအား ပြောကြားသည်။ ဒမတ်စကတ်က အင်ကာရာအား ဆော်ဒီအာရေဗျ၊ ကာတာ၊ ပြင်သစ်၊ အမေရိကန်တို့နှင့် ပူးပေါင်းကာ ဆီးရီးယားနိုင်ငံအတွင်း အရပ်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား သေကျေပျက်စီးကြရန် ကြံစည်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် ဆီးရီးယားနှင့် တူရကီတို့၏ ဆက်ဆံရေးသည် တင်းမာလာခဲ့သည်။ တူရကီတို့က ဆီးရီးယား အတိုက်အခံတို့ဘက်မှ ရပ်တည်ပေးခဲ့သည်။ မော့ဇ်အယ်လ်ခါတစ်သည် အဆိုပါ အတိုက်အခံအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။
khitlunge

No comments:
Post a Comment