Wednesday, January 30, 2013
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဟု မြောက်ကိုရီးယား ကြွေးကြော်
ပြုံယမ်းက လွန်ခဲ့သော သီတင်းပတ်အတွင်း နျူကလီးယား လက်နက် စမ်းသပ် လိမ့်မည်ဟု ပြောကြား ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန်က ရန်စတိုက်ခိုက်လာမည်ဆိုလျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည့် နိုင်ငံဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားသည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် ပရက်စ်တီဗွီ သတင်း၌ ဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်သွားရန် အစီအမံများ ချမှတ်ထားရမည် ဖြစ်ကြောင်း ကင်က ပြောကြားလိုက်သည်။ သမ္မတ အိုဘားမား အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ လွန်ခဲ့သောလက ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂမှတစ်ဆင့် မြောက်ကိုရီးယားကို အရေးယူရန် ဖိအားပေးခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
khitlunge

No comments:
Post a Comment