Thursday, January 31, 2013
ကာဇက်စတန်ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လိုက်ပါသူအားလုံးသေဆုံး
ခရီးသည် ၂ဝ တင်ဆောင်လာသည့် ကာဇက်စတန် အက်စ်စီအေတီ လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်း ပျက်ကျရာတွင် လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၃ဝ ရက်က အေပီသတင်းတွင် ဖော်ပြသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ဝ မှာ လေယာဉ်ဝန်ထမ်း ငါးဦးနှင့် ခရီးသည် ၁၅ ဦးတို့ ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်သည် ဇန်နဝါရီ ၂၉ ရက်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အက်စ်စီအေတီ လေကြောင်းက ပြောကြားသည်။ ယင်းလေယာဉ်သည် ရာသီဥတုအခြေအနေ ဆိုးရွားစဉ်အတွင်း အယ်လ်မာတီလေဆိပ်သို့ ဆင်းသက်ရန် ပျံသန်းလာရာမှ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကနဦးရရှိသော သတင်းများအရ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း၊ ၄င်းလေယာဉ် သည် နိုင်ငံမြောက်ပိုင်း ကော့ရှီတူမြို့မှ အယ်လ်မာတီ လေဆိပ်သို့ ဦးတည် ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လေကြောင်းမှ ဆက်လက် ပြောကြားသည်။
(အေပီ)
khitlunge

No comments:
Post a Comment