Saturday, January 12, 2013
ဘာလော့တယ်လီအား ဝေဖန်ခဲ့သည့် မီလန်ဥက္ကဋ္ဌအား အေးဂျင့်တုံ့ပြန်
ဘာလော့တယ်လီသည် ပန်းသီးပုပ် တစ်လုံးနှင့်တူပြီး အနီးပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ကစားသမားမျိုးဟု ဘာလူစကိုနီက လူသိရှင်ကြား ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဘာလော့တယ်လီ၏ အေးဂျင့် မီနိုရိုင်အိုလာက ယင်းနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌကြီး၏ စကားသည် မှားနေသည်ဟု မိမိယုံကြည်ကြောင်း တုံ့ပြန်သွားသည်။ "ဘာလော့တယ်လီဟာ ပန်းသီးပုပ် မဟုတ်ပါဘူး။ ချယ်ရီသီး တစ်လုံးပါ။ ဒီကိစ္စမှာတော့ မီလန် ဥက္ကဋ္ဌကြီး မှားနေပြီ။ သူ့စကားက တော်တော်လေး လွဲသွားတယ်လေ"ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "လက်ရှိမှာ ဘာလော့တယ်လီ အနေနဲ့ မူရင်းနိုင်ငံ အီတလီမှာ ပြန်ကစားဖြစ်မဖြစ် မေးနေကြတယ်။ ဖြစ်နိုင်ခြေက (၀.၀၀၀၁)ရာခိုင်နှုန်းလို့ ကျွန်တော် ပြောပါမယ်။ အဲဒီပုံပြင်တွေအတွက် အဖြေက လုံးဝ မရှိပါဘူး"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ လတ်တလောတွင် ဘာလူစကိုနီ၏ ဆိုးရွားသော မှတ်ချက်စကား ထွက်ပေါ်ထားသည့်တိုင် အလက်ဇန္ဒားပါတိုနှင့် ရော်ဘင်ဟိုတို့ နေရာတွင် အစားထိုးရန် တိုက်စစ်မှူးသစ် ရှာဖွေနေသော မီလန်သည် ဘာလော့တယ်လီကို ပေါင်စတာလင် (၂၄)သန်းဖြင့် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်နေဆဲဖြစ်သည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment