Tuesday, January 22, 2013

ရေငုပ်ဝတ်စုံ


ရေငုပ်သမားတဦး ရေငုပ်နေတယ်။

သူ ရေအောက် ၁၅ ပေခန့် အရောက်မှာ တခြားလူတယောက် ရေငုပ်ဝတ်စုံ မပါဘဲ ရေငုပ်နေတာကို မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။

အဲ...သူ ပေ ၃၀ ရောက်တော့လဲ ခုနကလူကို တွေ့ရပြန်ပါတယ်။

တခါ ပေ ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူ ပါလာတုန်းပဲ...

…ဆိုတော့ အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။

ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေးပြီး မေးလိုက်တယ်...

"ဟေ့လူ.. .ရေငုပ်ဝတ်စုံမပါဘဲ ဒီလောက် ပင်လယ်ရေ အနက်ထိ ငုပ်နိုင်တာ...ချီးကျူးပါတယ်ဗျာ"

ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြလိုက်တာက ဒီလိုပါ ...

"ငါက ရေနှစ်နေတာဟ...မအေပေးရ"
 

သန်၎ကို ~ 
(နိုင်ငံခြားဟာသတခုကို  ဆီလျော်အောင် ပြန်ဆိုထားတာပါ)

No comments:

Post a Comment