Sunday, January 20, 2013

သံဖြူဇရပ်ဈေး မီးလောင် ဆိုင်ခန်းပေါင်း ၅၉၆ ခန့် ဆုံးရှုံး

သံဖြူဇရပ်၊ ဇန်န၀ါရီ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့မဈေး ယမန်နေ့ည မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၅၉၆ ခန်းပါ အပေါ်ဈေး တစ်ခုလုံးနှင့် စားသောက်ဆိုင်တန်းအားလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရ သည်။ 
ယင်းမီးကို ယမန်နေ့ည ၁၁ နာရီ ၃၀ ခန့်တွင် စတင်သတိပြုမိခဲ့ပြီး မိနစ်ပိုင်းအတွင်း အပေါ်ဈေးတစ်ဈေးလုံး ကူးစက်လောင်ကျွမ်း သွားခဲ့ခြင်းဖြစ်သည်။ “ လက်ဖက်ရည်ဆိုင်ကနေ ည ၁၁း၃၀ ပြန် လာတော့ ကွန်ပျူတာဖွင့်ပြီး အင်တာနက်သုံးတာ ဆယ်မိနစ်လောက် ပဲရှိသေးတယ် စကားသံတွေကြားလို့ အပြင်ထွက်ကြည့်တော့ ဒီချမ်းမြေ့သီရိအနောက်ဘက်က ဆိုင်တန်းရဲ့ ဟိုးဘက်အဆုံး ပန်းပင် တွေရောင်း တဲ့ ဆိုင်ဘက်နားမှာ မီးလောင်နေတာတွေ့တယ်” မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားသည့် ဆိုင်တန်းကပ်ရက် တွင် နေသူ ကိုကျော်စွာလွင်ကပြောသည်။ 
Than Lwin Times 
Popular Myanmar News Journal

 

No comments:

Post a Comment