Sunday, January 27, 2013
တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ တစ်ဘီလီယံကျော် ရှိလာ
တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အကုန်တွင် ၁ ဒသမ ၁၁ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း ဇန်န၀ါရီ ၂၄ ရက်က တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေသည် တရုတ်နိုင်ငံအတွင်း ဖုန်းအားလုံး အသုံးပြုသူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ ရှိလာကြောင်း စက်မှုနှင့် သတင်းနည်းပညာ ၀န်ကြီးဌာန (အမ်အိုင်အိုင်တီ)က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကုန်က လူ ၁၀၀ လျှင် မိုဘိုင်းဖုန်း ပိုင်ဆိုင်သူဦးရေသည် ၈၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေသည် ၁၂၅ ဒသမ ၉ သန်း စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ ၄င်းတို့အနက် ၁၀၄ ဒသမ ၃၈ သန်းမှာ 3G မိုဘိုင်း အသုံးပြုသူများဖြစ်ကြောင်း၊ 3G မိုဘိုင်းဖုန်း အသုံးပြုသူ စုစုပေါင်းမှာ ၂၃၂ ဒသမ ၈ သန်းအထိ မြင့်တက်လာခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် အင်တာနက် အသုံးပြုသူဦးရေသည် ၅၁ သန်းမှ ၅၆၄ သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ယင်းလူဦးရေအနက် ၇၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေသန်းပေါင်း ၄၂၀ တို့မှာ ၄င်းတို့၏ မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်ပြီး အင်တာနက်ကို အသုံးပြုလာခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment