Tuesday, January 22, 2013
မက္ကဆီကို အရှေ့တောင်ပိုင်းတွင် လေယာဉ်ပျက်ကျ၊ လူရှစ်ဦးသေဆုံး
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းရှိ ချီယာပတ်စ်ပြည်နယ်တွင် လေယာဉ်တစ်စင်း ပျက်ကျကြောင်း၊ ဇန်နဝါရီ ၁၇ ရက်က တူဇလာဂွီတီရက်ဂ် လေဆိပ်မှ ပျံတက်ပြီး မကြာမီတွင် ပျက်ကျသွားရာ လူရှစ်ဦးထက်မနည်း သေဆုံးကြောင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ ပုဂ္ဂလိကပိုင် လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ အိုဇာကာပြည်နယ်သို့ ပျံသန်းလာစဉ် လေပြင်းတိုက်ခတ်မှုနှင့် ရင်ဆိုင်ရကြောင်း ပြည်နယ်ဆိုင်ရာ မြို့ပြကာကွယ်ရေး ဌာနက ပြောကြားသည်။ အဆိုပါ ပီအေ-၃၁ အမျိုးအစား ပိုစ်ပါနာဗာဂျိုလေယာဉ်၏ အင်ဂျင်တစ်လုံး ပေါက်ကွဲမှုကြောင့် လေယာဉ်ပျက်ကျရခြင်း ဖြစ်ကြောင်း တရားဝင် မဟုတ်သော သတင်းများက ပြောကြားသည်။ မျက်မြင်တွေ့ရှိသူများက အဆိုပါလေယာဉ် ပျံတက်ပြီးနောက် တောင်ပံတစ်ခုတွင် မီးလောင်ကာ မီးခိုးများ ထွက်ပေါ်လာကြောင်း ပြောကြားသည်။ ကနဦး ဖော်ပြချက်တွင်မူ ရာသီဥတု ဆိုးရွားနေခြင်းကြောင့်ဟု ပါရှိသည်။ လေယာဉ်ပေါ်ပါ ခရီးသည်များအနက် လေယာဉ်မှူးနှစ်ဦး၊ လူကြီးသုံးဦးနှင့် ကလေးသုံးဦး သေဆုံးခဲ့ရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment