Wednesday, January 30, 2013

ဆမ်ဆောင်းအီလက်ထရွန်နစ်စက်ရုံ၌ ဓာတုပစ္စည်းများ ယိုစိမ့်မှုကြောင့် တစ်ဦးသေဆုံး


ဆမ်ဆောင်းကုမ္ပဏီ၏ လျှပ်ကူးချစ်(ပ်)ပြားများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် အဆိပ်သင့် ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ယင်းစက်ရုံ အလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့၏ အနောက်တောင်ဘက် ၄၃ ကီလိုမီတာ (၂၆မိုင်)အကွာ ဟွာဆောင်းမြို့ရှိ ဆမ်ဆောင်းကုမ္ပဏီ၏ အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံမှ ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားငါးဦးကို ယင်းစက်ရုံ၌ ဟိုက်ဒရိုဖလူအိုရစ် အက်စစ်များ ယိုစိမ့်နေမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရန် ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဆမ်ဆောင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဓာတုအဆိပ်သင့်ခံရသူ အလုပ်သမားတစ်ဦးကို ဇန်နဝါရီ ၂၈ ရက်တွင် ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး နာရီအနည်းငယ် အကြာတွင် လည်ချောင်းနှင့် ရင်ဘတ်ပိုင်း၌ အဆိပ်သင့် ဝေဒနာများ ခံစားရပြီး ကွယ်လွန်ခဲ့ကြောင်း၊ အခြားအဆိပ်သင့် ဒဏ်ရာရသူ လေးဦးအား ကုသမှုများ ပေးခဲ့ပြီးနောက် ဆေးရုံမှ ပြန်လည် ဆင်းစေခဲ့ကြောင်း ၄င်းက ပြောကြားသည်။ အဆိပ်သင့် ဓာတုပစ္စည်းများ ယိုစိမ့်မှု ပမာဏမှာ ဇန်နဝါရီ ၂၈ ရက် နံနက် စောစောပိုင်းအထိ နှစ်လီတာမှ သုံးလီတာခန့် အထိ ရှိသည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment