Tuesday, January 8, 2013
သြစတြေးလျရှိ ရေတံခွန်၌ ဗြိတိသျှ ကမ္ဘာလှည့် လိမ့်ကျသေဆုံး
သြစတြေးလျနိုင်ငံရှိ ဘလူးမောင်းတိန်း တောင်တန်းဒေသရှိ ရေတံခွန်တစ်ခု၏ အစွန်းမှ ချော်ကျခဲ့သော ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့ရပြီး ၄င်း၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အနောက်ဘက်ရှိ ဝန့်ဝါ့သ် ရေတံခွန်၌ ဇန်နဝါရီ ၆ ရက်က အသက် ၂ဝ အရွယ် ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်တစ်ဦးသည် ၄င်း၏ သူငယ်ချင်းများနှင့်အတူ လှည့်လည် သွားလာနေစဉ် ခြေချော်ကျကာ မီတာ ၈ဝ (ပေ ၂၆ဝ) အနက်ရှိ ရေတံခွန် အောက်ခြေသို့ လိမ့်ကျခဲ့ရာမှ သေဆုံးခဲ့ရသည်။ ကယ်ဆယ်ရေး ဝန်ထမ်းများသည် ရဟတ်ယာဉ် တစ်စင်းဖြင့် အဆိုပါ ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်၏ ရုပ်အလောင်းကို ပြန်လည် ရယူနိုင်ရန် ရှာဖွေခဲ့ကြသော်လည်း လေပြင်း တိုက်ခတ်နေမှုကြောင့် အထမမြောက်ခဲ့ပေ။
khitlunge

No comments:
Post a Comment