Monday, January 28, 2013
တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ လန်ဒန်မြို့၌ ကျင်းပ
တရုတ်နိုင်ငံအား တစ်ကမ္ဘာလုံးက ယုံကြည်မှုများ တိုးတက်ဖြစ်ပေါ်စေမည့် ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ ဇန်နဝါရီ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ပညာရှင်များနှင့် ကျွမ်းကျင်သူ ၂၆ ဦးတို့ ပါဝင်ဆွေးနွေးခဲ့သော ၂ဝ၁၃ ခုနှစ်ဆိုင်ရာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အာရှ-ပစိဖိတ် ဆက်ဆံရေး၊ တရုတ်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေး၊ လူဦးရေ တိုးလာမှုအလိုက် အာမခံမှုပေးနိုင်သော တရုတ်နိုင်ငံ စီးပွားရေး အလားအလာများ၊ ဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ ဆက်ဆံရေး အခြေအနေများကို ပါဝင်ဆွေးနွေးသူများက အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဦးဆောင်တဲ့ အဲဒီဆွေးနွေးပွဲက ကျွန်တော်တို့အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ရဲ့ အတွင်းသဘော အနှစ်သာရကို ကောင်းကောင်း သဘောပေါက်စေခဲ့ပါတယ်'' ဟု ၂ဝ၁၃ ခုနှစ် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အကြီးအကဲ ကျီလင်းက ပြောကြားသည်။' 'ဆွေးနွေးပွဲရဲ့ အဓိက ရည်မှန်းချက်က တရုတ်နိုင်ငံကို တစ်ကမ္ဘာ့လုံးက နားလည် ယုံကြည်ပေးစေဖို့အပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကိုပါ တိုးတက်ဖြစ်ထွန်းလာစေဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသွားခဲ့သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment