Thursday, January 3, 2013
ဂျပန်ခရီးသည်တင် လေယာဉ် မိုးကြိုးပစ်ခံရ
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာ စီရင်စုတွင် ဇန်နဝါရီ ၁ ရက်က ခရီးသည်တင် လေယာဉ်တစ်စင်း မိုးကြိုးပစ်ခံရကြောင်း၊ သို့သော်လည်း ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းအားလုးံ ဘေးကင်း လုံခြုံခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းစာ တစ်စောင်က ဖော်ပြသည်။ ဂျပန်ဂျက်စတား GK 127 ခရီးသည်တင် လေယာဉ်သည် ဖူကူအိုကာလေဆိပ်သို့ မဆင်းသက်မီ ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က မိုးကြိုးထိမှန် ခံခဲ့ရခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် တိုကျိုနာရီတာ လေဆိပ်မှ ဖူကူအိုကာ လေဆိပ်သို့ ဦးတည် ပျံသန်းလာခြဲ့ခင်းဖြစ်ကြောင်း၊ ထိုသို့ မတော်တဆ ဖြစ်ပွားပြီးနောက် လေယာဉ်ကို လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၁၈၁ ဦးတို့သည် ဘေးမသီ ရန်မခဘဲ ဆင်းသက်နိုင်ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။ မိုးကြိုးထိမှန်ခံရပြီးနောက် လေယာဉ်ကို စစ်ဆေးရန်နှင့် ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း၊ ၄င်းလေကြောင်းလိုင်းမှ ဂျပန်နိုင်ငံ အနောက်ပိုင်း တိုင်ဆိုင်းလေဆိပ်သို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ် သုံးခုကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြပါရှိသည်။
khitlunge

No comments:
Post a Comment